♪ " ZTE Blade A711 " Price - 239,000 Ks ♫


ZTE Blade A711 ဟာ လုံးဝလက်မလွှတ်သင့်တဲ့ budget ဖုန်းတစ်လုံးပါ။ ဈေးနှုန်းအသင့် အတင့်နဲ့ ကောင်းမွန်တဲ့ features တွေ ကိုအသုံးပြုနိုင်ပြီး မြင့်မားတဲ့စွမ်းဆောင်ရည်ကိုလည်း အပြည့်အ၀ ထောက်ပံ့ပေးနိုင်ပါတယ်။ ၎င်းဖုန်းမှာ လျင်မြန်တဲ့လုပ်ဆောင်ချက်၊ အကောင်းဆုံး တည်ဆောက်မှုပုံစံဒီဇိုင်း၊ အဆင့်မြင့် ကင်မရာစနစ်နဲ့ LTE conenctivity ဆိုတဲ့ အားသာချက်တွေကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

ဒါ့အပြင် SIM card ၂ card ကို တစ်ပြိုင်နက်တည်းထည့်သုံးနိုင်တဲ့ Dual SIM စနစ်လည်းပါရှိပါတယ်။ ထည့် သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားက micro SIM ပါ။ မျက်နှာပြင်ကျယ်ကျယ်မှာ Full HD မြင်ကွင်းတွေကိုကြည့်ရှုနိုင်ပြီး အရည်အသွေးမြင့်မားတဲ့ အသံစနစ်ကိုလည်း ထောက်ပံ့ပေးထား တာကြောင့် ဗီဒီယိုကြည့်တဲ့အခါတွေနဲ့ဂိမ်းကစားတဲ့အခါတွေမှာ စိတ်ကျေနပ်မှုရရှိစေနိုင်မှာသေချာပါတယ်။ Internal memory 16 GB ပါရှိတဲ့အပြင် micro SD card ကို 128 GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပြီး RAM 2 GB ပါရှိပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3000 mAh ရှိပါတယ်။

* Design & Build *
၎င်းကိုလှပဆွဲဆောင်မှုရှိအောင် ဒီဇိုင်းပုံဖော်ပေးထားပြီး တစ်ချက်ကြည့်လိုက်တာနဲ့ အဆင့်မြင့်ဖုန်း တစ်လုံးမှန်း ထင်ရှားစွာသိစေနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 155.3 x 77.2 x 8.6 mm ရှိပြီး 160 g အလေးချိန်ရှိပါတယ်။ ဒါကြောင့် အနည်းငယ်ထူတဲ့ဖုန်းဖြစ်ပေမယ့် အရမ်းကြီးလေးတဲ့ ဖုန်းအမျိုးအစားထဲမှာတော့ မပါဝင်ပါဘူး။ အနောက်ဘက်မှာ အဆင့်မြင့် fingerprint sensor ပါရှိပြီး ၎င်း sensor လေးက အ၀ိုင်းပုံစံလေးရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် Huawei G8 နဲ့အနည်းငယ်ဆင်တူပြီး သင့်ဖုန်းလုံခြုံရေးကို အထူးတာဝန်ယူပေးထားနိုင်ပါတယ်။ ZTE ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံတွေက Huawei ဖုန်းတွေနဲ့ အနည်းငယ်တူညီနေတတ်ပြီး ကွာခြားချက်အနေနဲ့ ၎င်းက ပိုလုံးဝန်းတဲ့သတ္တုဘောင်ရှိပါတယ်။

ဖုန်းရဲ့အပေါ်ဘက်မှာ mic နဲ့ 3.5 mm headphone jack ပေါက်တို့ပါရှိပြီး ခလုတ်တွေနဲ့ port တွေရဲ့ တည်ရှိနေရာတွေကို ပိုမိုအသုံးပြုရတာလွယ်ကူပါတယ်။ ကိုင်တွယ်သုံးစွဲရတာလည်းအဆင်ပြေပြီး လက်ထဲမှာ ကျစ်ကျစ်လစ်လစ်လေးဖြစ်နေမှာပါ။ အားလုံးကိုခြုံပြီးကြည့်မယ်ဆိုရင်တော့ ၎င်းရဲ့တည်ဆောက်ပုံဒီဇိုင်းပုံစံလေးက အလယ်အလတ်တန်းစား budget ဖုန်းတစ်လုံးလို့တောင် မထင်ရပဲ အဆင့်မြင့်တန်းဝင်ဖုန်းလောက်ကိုပင် ခန့်ညားလှပမှုရှိတာကို တွေ့ရပါတယ်။

* Display *
မျက်နှာပြင်အကျယ်က ၅ လက်မခွဲရှိပြီး IPS LCD Capcitive touch screen နဲ့ပြုလုပ်ပေးထားပါတယ်။ ၎င်းမျက်နှာပြင်က 1080 x 1920 pixels ရှိတဲ့မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁ လက်မသိပ်သည်းဆကတော့ ~401ppi pixels ပမာဏကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ အဆင်းရာနဲ့အခြစ်ထင်မှုတွေကို ကာကွယ်ပေးနိုင်အောင် Dragontrail glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။

* Operating System and Camera *
၎င်းမှာ Android OS,v5.1 (Lollipop) ကို run ထားပြီး ZTE ရဲ့ အရင်သုံးနေကျ UI ကနေ ချက်ချင်းပြောင်းလဲသုံးစွဲလိုက်ပါတယ်။ အခုသုံးစွဲထားတဲ့ UI က Lenovo Vibe UI, Huawei ရဲ့ EMUI တို့နဲ့ အနည်းငယ်တူပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း 13 MP ရှိတဲ့ အနောက်ကင်မရာနဲ့ 5 MP ရှိတဲ့ အရှေ့ကင်မရာတို့ကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။
* Performance *
ဖုန်းလုပ်ဆောင်ချက်တွေကို လျင်မြန်တိကျစေဖို့အတွက် 1.5 GHz Qualcomm Snapdragon 615 octa-core processor ကိုထည့်သွင်းပေးထားပြီး Adreno 405 graphic card ကို ထောက်ပံ့ပေးထားပါတယ်။ အချို့လေးလံတဲ့ apps တွေနဲ့ ဂိမ်းကြီးတွေကိုတောင် အသုံးပြုကစားနိုင်ပါတယ်။ ဒါပေမဲ့ ထည့်သွင်းပေးထားတဲ့ file manager စနစ်ကတော့ ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် OTG storage ထဲကဖိုင်တွေကို ဖုန်းထဲကို ပြန်လည်ကူးယူလို့မရပါဘူး။ဒီအချက်လေးတစ်ချက်ကလွဲရင်ကျန်တဲ့လုပ်ဆောင်ချက်တွေအားလုံးက နောက် ဆုံးပေါ်တန်းဝင်ဖုန်းတွေနီးပါး စွမ်းဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Specification
Display : 5.5 inch, IPS LCD capacitive touchscreen
Memory : 16GB, 2GB RAM, micro SD, up to 128GB
Camera : 13MP (back), 5MP (front)
OS : Android OS,v 5.1 (Lollipop)
Phone : 01-245180 (KMD)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment