♪ တယ်လီနော ရဲ့ iPhone 7 နှင့် iPhone 7 Plus အစီအစဉ်စတင် ♫


တယ်လီနောမြန်မာလီမိတက်က Apple ရဲ့ နောက်ဆုံးထုတ် iPhone တွေဖြစ်တဲ့ iPhone 7 နဲ့ iPhone 7 Plus တို့ကို တယ်လီနောအမှတ်တံဆိပ် အရောင်းဆိုင်တွေမှာ (၂၀၁၆) ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ မှာ စတင်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဝယ်ယူသူများအတွက် လစဉ် 2GB အင်တာနက်အခမဲ့သုံးစွဲခွင့်ကို ၆ လတိုင်တိုင်ရရှိမယ့်အခွင့်အရေး ၊ တယ်လီနော ဖုန်းနံပါတ် အလှတစ်ခု ပိုင်ဆိုင်ခွင့်နဲ့ အခြား လက်ဆောင်များကိုပါ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ အောက်တိုဘာလ (၂၈)ရက်နေ့မှာစတင်ပြီး ကြိုတင်မှာယူမှုများပြုလုပ်နိုင်ပြီဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက https://www.facebook.com/TelenorMyanmar မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

တယ်လီနောမြန်မာရဲ့ Chief Marketing Officer ဖြစ်သူ Joslin Myrthong က “တယ်လီနော အသုံးပြုသူတွေဆီကို Apple ကနေ ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် iPhone နဲ့ မိတ်ဆက်ပေးနိုင်တဲ့အတွက် အလွန် ဂုဏ်ယူမိပါတယ်။ အကောင်းမွန်ဆုံး iPhone ဆိုတာက အကောင်းမွန်ဆုံး အင်တာနက်ကွန်ရက်နဲ့ပဲ သင့်တော် မှာဖြစ်ပြီး ဒါကြောင့်မို့လို့လည်း တယ်လီနောရဲ့ ဒီအစီအစဉ်ဟာ အသုံးပြုသူတွေဆီကို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်မှာပါ။

စိတ်ဝင်စားတဲ့ အသုံးပြုသူတွေအနေနဲ့ မကြာမီထပ်မံ ကြေညာမယ့် အသေးစိတ်အချက်အလက်တွေ ကို စောင့်မျှော် ပေးကြပါဦး လို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment