♪ “Xiaomi က အိန္ဒိယမှာ Mi Max Prime ကိုရောင်းမည်” ♫


Xiaomi က မေလမှာMi Max စမတ်ဖုန်းကိုမိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Mi Max Model အသစ်တစ်လုံး ကို အိန္ဒိယမှာရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Xiaomi Mi Max Prime လို့ အမည်ပေးထားပြီး Specifications အပိုင်းမှာMi Max နဲ့ အနည်းငယ်သာကွာခြားပါတယ်။

Xiaomi Mi Max Prime မှာပိုမို ကောင်းမွန်တဲ့ CPU တပ်ဆင် ထားပြီး RAM ပမာဏနဲ့ Internal Storage ကလည်းပိုမိုများပြားလာပါတယ်။ Mi Max Prime မှာ Qualcomm Snapdragon 652 Chipset ထည့်သွင်းထားပြီးMi Max မှာ Snapdragon 650 Chipset ထည့်ပေးခဲ့တာဖြစ်ပါတယ်။

RAM ပမာဏကိုလည်း 3GB ကနေ 4GB သို့ မြှင့်တင်ပေးခဲ့ပါတယ်။ Internal Storage အပိုင်းမှာလည်း 32GB ကနေ 128GB အထိတိုးမြှင့်ပေးခဲ့ပါတယ်။ Xiaomi Mi Max Prime ကိုအောက်တိုဘာ လ ၁၇ ရက်နေ့မှာ အိန္ဒိယတွင် Mi.com ကနေရူပီး ၁၉ ၉၉၉ ဖြင့် ရောင်းချပေး မှာ ဖြစ်ပါတယ်။ Mi Max နဲ့ Mi Max Prime ၂ လုံး စလုံးမှာ ၆.၄၄ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 

Dual SIM စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ 4850mAh Battery ပါရှိပါတယ်။ Android 6.0 Marshmallow ကိုအခြေပြုထားတဲ့ MIUI 7 OS ထည့်သွင်းထား ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment