♪ Linux ကိုစိတ်ဝင်စားသူတွေအတွက် “Linux Foundation” သင်တန်းဖွင့်လှစ်မည် ♫


ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (MCPA) က ကြီးမှူးပြီး Open Source နည်းပညာရပ်များကို စိတ်ပါ ဝင်စားတဲ့ မြန်မာလူငယ်တွေအတွက် Linux Foundation သင်တန်းကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ စတင် ဖွင့်လှစ်သင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။

ICT ဆိုင်ရာနည်းပညာပိုင်းမှာ အသုံးများလာတဲ့ Linux Server နဲ့ Administrator Level ကို တက်လှမ်း နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ Linux အခြေခံနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကို တတ်ရောက်ခြင်းဖြင့် Linux ရဲ့ အခြေခံသဘောသဘာဝ၊ အသုံးဝင်ပုံအနေအထား စတဲ့ Linux ရဲ့ နည်းပညာရပ်များကို ပြည့်ပြည့်စုံစုံ သင်တန်းပြီးဆုံးပါက Linux Server , Linux Administrator Level တွေကို အခြေခံပိုင်နိုင်စွာနဲ့ အခက်အခဲမရှိ လေ့လာနိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Linux ကို စိတ်ဝင်စားပြီး အောက်ခြေမှစ၍ Step by Step လေ့လာလိုသူများ၊ Linux အား ခက်ခဲသော နည်းပညာတစ်ခုလိုမြင်ပြီး Self Study လေ့လာရခက်ခဲနေသောသူများ၊ Linux Server , Administrator ပိုင်းများ လေ့လာလိုသောကြောင့် အခြေခံမှစ၍ လိုအပ်နေသူများ တက်ရောက်သင့်တဲ့ သင်တန်းကောင်းတစ်ခုဖြစ်ပါတယ်။

သင်ကြားမည့်အကြောင်းအရာများ –

Introduction & History Installation , Terminal & Bash Shell , Basic Linux Command Line
Linux File System , Linux Permission , Basic User & Group , Linux Network Administration
RPM & YUM , Performance Checklist.
သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက် မှ (၁၀) ရက်အထိ (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့)
သင်တန်းအချိန် – ညနေ ၅း၃၀ နာရီ မှ ည ၈းဝဝ နာရီ အထိ
စုစုပေါင်းနာရီ – ၁၀ နာရီ
သင်တန်းကြေး – ၆၀,၀၀၀ိ/ (ခြောက်သောင်းကျပ်) + (စာအုပ်ကြေး − ၆၀၀၀ ကျပ်)
MCPA Member (50%) – ၃၀,၀၀၀ိ/ (သုံးသောင်းကျပ်) + (စာအုပ်ကြေး − ၆၀၀၀ ကျပ်)
သင်တန်းဆရာ – ဦးရဲလင်းအောင်
သင်တန်းသားဦးရေ – (၂၃) ဦး
သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ် MCPA Lab Room, MICT Park၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေနဲ့ နိုဝင်ဘာလ (၅) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထားကာ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ်။


Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment