♪ LG K10 LTE ရဲ့ အားသာချက် ၊ အားနည်းချက် နှင့် သုံးသပ်ချက်များ ♫


Device Support - LG
Price - 249,000 Ks

အားသာချက်
Knock Code စနစ်ပါဝင်တဲ့အတွက် ဖုန်းကိုအသုံးပြုတဲ့အခါမှာ Screen ဖွင့်၊ ပိတ်ပြုလုပ်ခြင်း တွေအတွက် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်တဲ့အပြင် Knock Code စနစ်နဲ့ ဖုန်းကို Lock ပြုလုပ်နိုင်ပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပြီး ကင်မရာ Megapixels ပိုင်း၊ CPU, GPU ပိုင်းတွေမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။
အားနည်းချက်
ကင်မရာပိုင်းမှာ Megapixels တွေ ကောင်းမွန်ပေမယ့် ဓာတ်ပုံအသုံးပြုကင်မရာ Effect စနစ်တွေမှာတော့ သိပ်များများစားစား ပါဝင်တာမတွေ့ရသလို Sensor ပိုင်းမှာဆိုရင်လည်း Knock Code စနစ်လောက်သာ ပါဝင်ပြီး Fingerprint လိုစနစ်မျိုးတွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။
ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ ပါးပါးလျားလျားလေးနဲ့ ကိုင်တွယ်အသုံးပြုလို့ အဆင်ပြေတဲ့ ပုံစံဒီဇိုင်းနဲ့ အရွယ်အစားမျိုး ရှိပါတယ်။ ထောင့်အနားလေးဘက် အနည်းငယ်ဝန်းဝိုင်းပြီး ရှေ့ဘက်မြင်ကွင်း မျက်နှာပြင်မှန်ကလည်း အနားလုံးမှန် အမျိုးအစားနဲ့ တည်ဆောက်ထားတာပါ။ ဖုန်းရဲ့ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် Volume Key တွေကိုတော့ LG ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ နောက်ကျောဘက် ကာဗာပေါ် အပေါ်ဘက်နားမှာ တပ်ဆင်ပေးထားပါတယ်။ ကိုယ်ထည်ရဲ့ဘေးဘောင်ပတ်လမ်းဟာ သတ္တုဘေးဘောင်ဖြစ်ပြီး နောက်ဘက်ကာဗာကတော့ ပလတ်စတစ် ကာဗာအမျိုးအစားပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၆ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၄၈ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၈ စင်တီမီတာ ရှိပါတယ်။ ထုထည်ကိန်း ဂဏန်းများပေမယ့် ဖုန်းရဲ့နောက်ဘက်ကာဗာ အနားခုံးပုံစံကြောင့် ဖုန်းကထူတယ်လို့ မခံစားရပဲ အနားဘေးဘောင်တွေ ပါးတာကို မြင်တွေ့ရမှာပါ။ အလေးချိန်ကတော့ ၁၄၂ ဂရမ်ပါ။
မြင်ကွင်း
၅.၃ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1280 pixels (~277 ppi pixel density) ထိ အသုံးပြုနိုင်မှာပါ။
နည်းပညာ
နည်းပညာပိုင်းမှာ ဆိုရင်တော့ မြင့်မားထူးခြားတဲ့ နည်းပညာတွေ များများစားစား ပါဝင်တာ မတွေ့ရပါဘူး။ ဖုန်းရဲ့အောက်ခြေမှာရှိနေတဲ့ Android Key စနစ်တွေဖြစ်တဲ့ Home, Back, Menu အစရှိတဲ့ စနစ်တွေကို လိုအပ်သလို ဘယ်ညာပြောင်းလဲ ရွှေ့ပြောင်းအသုံးပြုနိုင်သလို မိမိအသုံးပြုချင်တဲ့ အခြားစနစ်တွေကိုလည်း ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ LG ရဲ့ဝန်ဆောင်မှု App တွေအများအပြား ပါဝင်တဲ့အပြင် LG Smart World ဆိုတဲ့စနစ်ထဲမှာလဲ LG ကနေ ထောက်ပံ့ပေးထားတဲ့ Themes တွေ၊ App, Game အစရှိတဲ့ အရာတွေကိုလည်း အသုံးပြုနိုင်ပါလိမ့်မယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ LG K10 LTE ဟာ ကွန်ရက်စနစ်ပိုင်း၊ ဖုန်းရဲ့ Knock Code စနစ်၊ CPU, GPU, Memory ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ပုံစံဒီဇိုင်းနဲ့ အရွယ်အစားပိုင်းမှာဆိုရင်လည်း လက်နဲ့ကိုင်တွယ် အသုံးပြုဖို့ ကောင်းမွန်တဲ့ ပုံစံမျိုးရှိနေပါတယ်။ ကင်မရာပိုင်းမှာ Megapixels တွေအဆင်ပြေပေမယ့် အသုံးပြုနိုင်မယ့် Effect စနစ်တွေ သိပ်မပါဝင်ပါဘူး။ ဒါ့အပြင် Sensor ပိုင်းမှာဆိုရင်လည်း ပုံမှန် Sensor စနစ်တွေသာ ပါဝင်ပါတယ်။
Network       GSM - 2G/ 3G/ 4G
SIM              Dual SIM (Nano Sim Dual Standby)
OS               Android OS, v6.0
CPU              Octa-core 1.14 GHz Cortex-A53
GPU              Mali-T720MP3
Memory        Internal 16GB, 1.5GB RAM, Micro SD 32GB
Camera         13 MP, f/2.2, autofocus, LED flash, autofocus, LED flash, Geo-tagging, touch focus, face detection, panorama, Video, 8 MP, 1080p
Wi-Fi             802.11 a/b/g/n/ac, dual-band, WiFi Direct
Bluetooth       v4.1, A2DP, LE
Battery           Li-Ion 2300 mAh Battery

သူတို့အမြင်
ကိုဇေယျာမင်း (အသုံးပြုသူ)
ဒီဖုန်းလေးက ကိုင်ရတာ လက်ထဲမှာကောင်းတယ်။ ပြီးတော့ ရှေ့ကထွက်ခဲ့တဲ့ K10 နဲ့ဆိုရင် ကင်မရာပိုင်း၊ Memory ပိုင်းနဲ့ CPU ပိုင်းတွေမှာ LTE Version က ပိုပြီးကောင်းလာတာလို့ ပြောရမှာပေါ့နော်။ ကင်မရာ Megapixels ပိုင်းမှာဆိုရင်တော့ ရှေ့ကင်မရာရော နောက်ဘက်ကင်မရာတွေပါ Megapixels မြင့်လာတယ်။ Android OS Version ကလည်း K10 ထက်ပိုပြီး မြင့်ပါတယ်။ ဒါပေမယ့် အဓိက သိပ်ဘ၀င်မကျ တာကတော့ ဈေးနှုန်းလို့ပဲ ပြောရမယ်ထင်တယ်။ ပထမ K10 ကတော့ တစ်သိန်းကျော်ပဲရှိပြီး ခု K10 LTE ကတော့  နှစ်သိန်းကျော် ဖြစ်နေတယ်။ ဖုန်းရဲ့တစ်ခြား ကျန်တဲ့စနစ်တွေကတော့ K10 နဲ့ အကုန်တူတူလောက်ပဲ။ ကျွန်တော်ခုနက ပြောပြခဲ့တဲ့ အချက်လေးတွေလောက်ပဲ ကွာသွားတာရှိတယ်။
D Mobile (YGN)
အဓိက ဒီဖုန်းမှာကောင်းတဲ့ အချက်ဆိုရင်တော့ Sim Card နှစ် ကတ်လုံးထည့်ပြီး သုံးလို့ရတယ်။ အဲဒီလိုမျိုး Sim Card နှစ်ကတ် ထည့်ထားတဲ့အချိန်မှာ Memory Card ကိုလည်း သုံးလို့ရတယ်။ အဲဒီတစ်ချက်ကတော့ ကောင်းတဲ့အချက်လို့ ပြောလို့ရတယ်။ ကင်မရာပိုင်းမှာ Megapixels တွေကကောင်းပေမယ့် အသုံးပြုနိုင်တဲ့ ကင်မရာ Function ပိုင်းမှာတော့ သိပ်များများမရှိဘူး။ ဒါကလည်း နောက်ပိုင်းထွက်ဖုန်းတွေနဲ့ ယှဉ်ရင်သိသာတဲ့ အချက်တစ်ခုလို ဖြစ်နေတယ်။ Fingerprint စနစ်လည်းမပါဘူး။ ဒီဇိုင်းပိုင်းမှာတော့ မဆိုးဘူးလို့ပဲ ပြောရမယ်။
မသဇင်ခိုင် (အသုံးပြုသူ)
LG မှာဆိုရင်တော့ သူ့ရဲ့ Knock Code စနစ်ကို ကြိုက်တယ်။ K10 LTE ကတော့ ရှေ့ကထွက်ခဲ့တဲ့ K10 နဲ့ သိပ်ပြီးများများစားစား ကွာတာမျိုးတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် ကင်မရာပိုင်းနဲ့၊ CPU ပိုင်းတွေတော့ ကွာသွားတယ်။ OS Version ပိုင်းမှာလည်း ကွာသွားတယ်။ အခြားကျန်တဲ့ စနစ်တွေကတော့ သိပ်ပြီးသိသိသာသာ ကွာသွားတာမျိုး သိပ်မတွေ့ရပါဘူး။ ကင်မရာပိုင်းမှာ Effect စနစ်တွေ သိပ်များများ မပါဘူးဆိုပေမယ့် ဓာတ်ပုံရိုက်တဲ့ အချိန်မှာတော့ ပုံထွက်နဲ့ အလင်းအမှောင်ကတော့ ကောင်းတာတွေ့ရတယ်။ သူ့ရဲ့ဒီဇိုင်းနဲ့ အရွယ်အစားကလည်း ကိုင်ရတာကောင်းတယ်။
ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Home, Back, Menu အစရှိတဲ့ Android Key တွေကို လိုအပ်သလို ဘယ်၊ ညာ ပြောင်းလဲ အသုံးပြုနိုင်သလို မိမိထပ်မံ အသုံးပြုလိုတဲ့ စနစ်တွေကိုလည်း ထပ်ပေါင်း ဖြည့်စွက်နိုင်ပါတယ်။
ဒီစနစ်ကို အသုံးပြုချင်ရင်တော့ Setting ထဲက Display ထဲမှာ Home touch buttons ဆိုတာရှိပါတယ်။ အဲ့ဒီထဲက Button combination ဆိုတဲ့စနစ်ထဲမှာ ကိုယ်လိုအပ်သလို ပြောင်းလဲအသုံး ပြုနိုင်ပါတယ်။ Button ၅ ခုထိ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။
  
  
Screen Shot စနစ်မှာဆိုရင်လည်း ဖုန်းရဲ့အောက်ခြေမှာရှိတဲ့ ဘားတန်းထဲမှာ Button combination စနစ်ထဲက Screenshot စနစ်ကို ထည့်သွင်းထားပြီး ဒီစနစ်နဲ့ အလွယ်တကူ ပြုလုပ်နိုင်တဲ့အပြင် ဒီစနစ်နဲ့ Screenshot ပြုလုပ်မယ် ဆိုရင်လည်း Screenshot ပေါ်မှာ စာရေးတာ ဖြတ်တာတွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။
  
  
LG ရဲ့ ဝန်ဆောင်မှု App တစ်ခုဖြစ်တဲ့ LG Smart World ဆိုတဲ့ စနစ်ကလည်း အသုံးတည့်တဲ့ App တစ်ခုဖြစ်ပါတယ်။
  
  
  
Application နဲ့ Widgets တွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
  
  
  


LG K10 LTE SIM Slot


Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment