Samsung ဟာ နောက်ဆုံးမှာတော့ သူတို့ထုတ်လုပ်ခဲ့တဲ့
အကောင်းဆုံးလို့သတ်မှတ်ခဲ့တဲ့ ဖုန်းအပေါ် လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ Galaxy Note 7 ဖုန်းကို ပြန်လည်အစားထိုးလဲလှယ် ထားတဲ့
ဖုန်းတွေဟာ ပြန်လည် မီးလောင် ပေါက်ကွဲခဲ့တာကြောင့် ပြသနာတွေကို
ထပ်မံဖြစ်ပွားလာခဲ့ လို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် Samsung ဟာ ရှင်းမရနိုင်အောင် ရှုပ်ထွေးနေတဲ့ Galaxy Note 7 ဖုန်း အရှုပ်တော်ပုံကို လတ်တလော ဖြေရှင်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းလောက်တုန်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး သုံးစွဲသူတွေအနေနဲ့ Original Note 7 ဖုန်းတွေ၊ လဲလှယ်ပြီးဖုန်းတွေအကုန်လုံးကို လတ်တလောမှာ အသုံးမပြုပဲ ပါဝါပိတ်ထားဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ \
အဲ့ဒီအပြင် ဒီနေ့က စတင်ပြီး Note 7 ဖုန်းရောင်းချမှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း လဲ ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းကတော့ မနေ့ကတည်းကရင်း သတင်းတွေက အခိုင်အမာ ပြောကြားနေခဲ့ကြတာဖြစ်ပြီး ယခုမှ တရားဝင်အနေနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။
တောင်ကိုးရီးယား အာဏာပိုင်တွေအနေနဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Note 7 ဖုန်းတွေဟာလည်း အခုလို ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပြီး ဘယ်လိုမျိုး ဆိုးကျိုးတွေဖြစ်ပေါ်ခဲ့တယ်ဆိုတာ ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
Samsung ရဲ့ ရှယ်ယာတွေဟာလည်း ဒီအင်္ဂါနေ့မှာ ၇.၅ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တန်ဖိုး ဒေါ်လာ ၁၈သန်းခန့် တန်ကြေးရှိခဲ့ပါတယ်။ ဒီလိုရှယ်ယာဈေးနှုန်းကျဆင်းမှုဟာ ပြီးခဲ့တဲ့ ၂၀၀၈ကတည်းက ဆိုရင် နေစဉ်ရှယ်ယာဈေးနှုန်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားတာပါ။
အမေရိကန်စားသုံးသူကာကွယ်ရေး ကော်မရှင်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက် ကတည်းက ဖြစ်ပွားခဲ့တဲ့ ဖုန်းပေါက်ကွဲမှု ၅မှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com

0 comments:
Post a Comment