ဒီနေ့ခေတ်ကြီးထဲမှာ Professional ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့အတွက် DSLR
ကင်မရာ ပိုင်ဆိုင်ဖို့ မလိုအပ်တော့ပါဘူး။ နည်းပညာဈေးကွက်ထဲမှာ
ကင်မရာအရည်အသွေး၊ ရုပ်ထွက် ကောင်းမွန်တဲ့ စမတ်ဖုန်းတွေအပြင် Dual Camera
ပါဝင်တဲ့ ကင်မရာအသားပေးစမတ်ဖုန်းတွေပါ ထွက်ရှိထားတဲ့အတွက် စမတ်ဖုန်းနဲ့တင်
အရည်အသွေးမြင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ ခေတ်ကို
ရောက်ရှိနေပြီလို့ ဆိုရမှာပါ။
ဒါပေမယ့် ကင်မရာကောင်းတဲ့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့လည်း Professional စမတ်ဖုန်း ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်မလာနိုင်သေးပါဘူး။ ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ ထောက်ပံ့ပေးမယ့် အထောက်အကူပစ္စည်းကိရိယာတွေ လိုအပ်ပါသေးတယ်။
အခုဖော်ပြပေးမယ့် accessories တွေကတော့ သင့်စမတ်ဖုန်းရဲ့ ကင်မရာကို ရုပ်ထွက်ကောင်းမွန်စေဖို့နဲ့ သင့်ကို professional စမတ်ဖုန်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာစေဖို့ အပြည့်အဝကူညီပေးပါလိမ့်မယ်။
သင့်ရဲ့ စမတ်ဖုန်းကင်မရာ မှာ Lens ပါဝင်ပြီးသားဖြစ်ပေမယ့် Acesori Lens Kit မှာပါဝင်တဲ့ အရည်အသွေးမြင့် Lens (၃) လုံးကို လိုအပ်ပါတယ်။ Fisheye, wide-angle နဲ့ micro lens တို့ဖြစ်ပြီး Effect သုံးတာထက် ပိုမိုသဘာဝကျစွာ ရိုက်ယူနိုင်မှာဖြစ်ပါတယ်။
သင့်စမတ်ဖုန်းရဲ့ ကင်မရာ ကောင်းတယ်ဆိုပေမယ့် အဝေးက အရာတွေကို Zoom
ဆွဲဖို့အတွက်တော့ ဒီ မှန်ဘီလူးကိုလိုအပ်ပါလိမ့်မယ်။ ဒီ Telephoto camera
lens က Zoom ကို (၈)ဆ ပိုမို ဆွဲယူနိုင်တဲ့အတွက် အဝေးက ရှုခင်းတွေကို
အကောင်းဆုံး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဒီပစ္စည်းလေးကတော့ နည်းနည်းဆန်းပါတယ်။ ကိုယ့်ကိုယ်ကို
Selfie ပြန်ရိုက်ဖို့အတွက်
အကောင်းဆုံးအသုံးပြုနိုင်မှာဖြစ်ပြီး ကွေးနိုင်ဆန့်နိုင်
ချိတ်နိုင်တဲ့ ဒေါက်တွေပါဝင်တာက ထူးခြားချက်ဖြစ်ပါတယ်။ Bluetooth remote
ခလုတ်နှိပ်ကာ အဝေးကလှမ်းရိုက်နိုင်ပါတယ်။
ဒါကတော့ Tripod အဖြစ်ရော Zoom မှန်ဘီလူးအဖြစ်ပါ အသုံးပြုနိုင်မယ့် ကိရိယာဖြစ်ပါတယ်။ (၂)ဖာလုံ (မီတာ ၄၀၀) လောက်ထိ Zoom ဆွဲနိုင်တဲ့အတွက် အဝေးက တောင်တန်းတွေနဲ့ ရှုခင်းတွေကို ရိုက်ကူးဖို့အတွက် အထူးသင့်တော်မှာဖြစ်ပါတယ်။
Credit to ==> Digital Timesဒါပေမယ့် ကင်မရာကောင်းတဲ့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့လည်း Professional စမတ်ဖုန်း ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်မလာနိုင်သေးပါဘူး။ ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ ထောက်ပံ့ပေးမယ့် အထောက်အကူပစ္စည်းကိရိယာတွေ လိုအပ်ပါသေးတယ်။
အခုဖော်ပြပေးမယ့် accessories တွေကတော့ သင့်စမတ်ဖုန်းရဲ့ ကင်မရာကို ရုပ်ထွက်ကောင်းမွန်စေဖို့နဲ့ သင့်ကို professional စမတ်ဖုန်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာစေဖို့ အပြည့်အဝကူညီပေးပါလိမ့်မယ်။
Acesori Smatphone Camera LensKit
သင့်ရဲ့ စမတ်ဖုန်းကင်မရာ မှာ Lens ပါဝင်ပြီးသားဖြစ်ပေမယ့် Acesori Lens Kit မှာပါဝင်တဲ့ အရည်အသွေးမြင့် Lens (၃) လုံးကို လိုအပ်ပါတယ်။ Fisheye, wide-angle နဲ့ micro lens တို့ဖြစ်ပြီး Effect သုံးတာထက် ပိုမိုသဘာဝကျစွာ ရိုက်ယူနိုင်မှာဖြစ်ပါတယ်။
Smartphone Telephoto PRO Camera Lens
ARMOR-X Mini Flexible Phone Tripod
Zoomable 60X Monocular with Smart Phone Attachment
ဒါကတော့ Tripod အဖြစ်ရော Zoom မှန်ဘီလူးအဖြစ်ပါ အသုံးပြုနိုင်မယ့် ကိရိယာဖြစ်ပါတယ်။ (၂)ဖာလုံ (မီတာ ၄၀၀) လောက်ထိ Zoom ဆွဲနိုင်တဲ့အတွက် အဝေးက တောင်တန်းတွေနဲ့ ရှုခင်းတွေကို ရိုက်ကူးဖို့အတွက် အထူးသင့်တော်မှာဖြစ်ပါတယ်။
www.pyaephyo.com
0 comments:
Post a Comment