♪ Xiaomi ရဲ့ မြန်မာငွေ ၅ ထောင်တန် Headphone ♫


ရှောင်မီက တရုတ်မှာ Headphone အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ In-Ear အမျိုးအစားဖြစ်ပြီး Piston Fresh လို့ အမည်ပေးထားပါတယ်။ ၄ ဒေါ်လာသာ တန်ကြေးရှိတဲ့အတွက် အလွန်သက်သာပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။

သူ့ရဲ့ ထူးခြားချက်မှာ အလူမီနီယမ်ကို အသုံးပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် အသံအရည်အသွေး ကောင်းမွန်တယ်လို့ ရှောင်မီက ပြောပါတယ်။ နားထဲမှာ တပ်ဆင်ထားရတာလည်း သက်တောင့်သက်သာရှိပါတယ်။ မိုက်ကရိုဖုန်း၊ ဖုန်းဝင်လာရင် ကိုင်တဲ့ ခလုတ်နဲ့ အသံထိန်းချုပ်တဲ့ ခလုတ်များ ပါရှိပါတယ်။

မိုက်ကရိုဖုန်းနဲ့ အသံထိန်းချုပ်ခလုတ်များဟာ Android Device များနဲ့သာ အလုပ်လုပ်ပြီး iPhone , iPad များနဲ့ အလုပ်မလုပ်ပါဘူး။ အပြာ၊ အနက်၊ ပန်း၊ မရမ်းနဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ မတူညီတဲ့ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။

အလူမီနီယမ် အလွိုင်းနဲ့ တည်ဆောက်ထားတဲ့အတွက် ခြစ်ရာခံနိုင်တယ်လို့ ရှောင်မီက ပြောပါတယ်။ ဒါ့အပြင် လက်ဗွေရာများလည်း ထင်ကျန်ခြင်း မရှိပါဘူး။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို ရှောင်မီက မကြေညာသေးပါဘူး။ ရှောင်မီက ယခုလအစောပိုင်းမှာ Mi In-Ear Headphone Pro HD ကို အမေရိကန်မှာ ၃၉.၉ ဒေါ်လာဖြင့် ရောင်းချပေးခဲ့ပါသေးတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment