♪ သားသားမီးမီးတို့အတွက် အိပ်ရာဝင်ပုံပြင်လေးတွေဖတ်ပြနိုင်မယ့် iPhone Device ♫


ကိုယ့်ရဲ့ ကလေးငယ်တွေ ၊ သားသား ၊ မီးမီးတွေအတွက် အိပ်ရာဝင်ပုံပြင်ကလေးတွေကို ဖတ်ရှုပြောပြပေးနိုင်မယ့် iPhone Device တစ်မျိုး ထွက်ရှိလို့ လာပါတယ်။
.
Moonlite လို့ ခေါ်တဲ့ အဲဒီ Gadget ဟာ ကိုယ့်ရဲ့ iPhone နဲ့ တွဲဖက်သုံးစွဲရမှာ ဖြစ်ပြီး ပထမဆုံး ထွက်ရှိလာတဲ့ အိပ်ရာဝင်ပရောဂျက်တာ အသေးစားကလေးတစ်ခု လိုမျိုး အလုပ်လုပ်ပါတယ်။ Google ရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ Natalie Rebot က တီထွင်ခဲ့တာ ဖြစ်ပြီး အိုင်ဖုန်းပေါ်မှာ တပ်ဆင်အသုံးပြုရတဲ့ Wheel ပုံစံ အသွားပါတဲ့ device အငယ်စားကလေးတစ်ခု သာ ဖြစ်ပါတယ်။
.
ကိုယ့်ရဲ့ မိုဘိုင်းဖုန်းထဲမှာ ရှိတဲ့ Flash ဖိုင်ကလေးတွေ ၊ ကားတွန်းကလေးတွေကို Loading ခေါ်ယူပြီး အိပ်ခန်းရဲ့ ဘယ်နေရာကို မဆို အလင်းပေးလိုက်တာနဲ့ ရုံးသုံး၊ လုပ်ငန်းသုံးတွေမှာ တွေ့ရတတ်တဲ့ Projector အငယ်စားကလေး အဖြစ် ပြောင်းလဲပေးသွားပြီး ကိုယ့်ဖိုင်ကလေးတွေမှာ ပါရှိတဲ့ စာ၊ ပုံ ၊ ရုပ်ပုံကလေးတွေကို ဖတ်ရှုပြသရင်း ကလေးငယ်လေးတွေကို စိတ်ကျေနပ်မှု အပြည့် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
.
ကလေးငယ်တွေအတွက် နည်းပညာ ပစ္စည်းတွေ ထုတ်လုပ်လေ့ရှိတဲ့ Kickstarter ကနေဖြန့်ချိမယ့် MoonLite ဟာ HD ပုံရိပ်များကို ဖော်ပြပေးပြီး အသံပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်တွေလည်း ထည့်သွင်းပေးထားတဲ့အတွက် ကလေးငယ်တွေအတွက် မှော်သေတ္တာလေးတစ်ခု အလား ရှိစေပါလိမ့်မယ်။ ဈေးလည်း သက်သာပြီး ကြမ်းခင်းဈေး ကို ၃၅ ဒေါ်လာ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး ၂၀၁၇ ခုနစ် ၊ ဧပြီလအတွင်းမှာ စတင်မှာကြားနိုင်မယ် လို့ သိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment