♪ “Lenovo က K6 Note ကိုရောင်းချ” ♫

Image may contain: phone

Lenovo က အရွယ်ကြီးစမတ်ဖုန်း K6 Note ကိုအိန္ဒိယမှာရောင်းချပေးလိုက်ပါ တယ်။ အခြေခံမော်ဒယ်မှာ ရူပီး ၁၃၉၉၉( ဒေါ်လာ ၂၀၅) တန်ကြေးရှိပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာမြေပြင်အရောင်းဆိုင်များကနေရောင်းချပေးလိုက် ပါတယ်။ 3GB/32GB နဲ့ 4GB/64GB Model ၂ မျိုးရွေးချယ်နိုင်ပါတယ်။ ဖုန်းနဲ့ အတူ ANT VR Headset နဲ့ VR Controller ကိုဒေါ်လာ ၂၀ နဲ့ ဒေါ်လာ ၄၀ ဖြင့် အသီးသီးရောင်းချပေးမှာ ဖြစ်ပါတယ်။ “Lenovo K6 Note ဟာရုပ်ရှင်၊ ဗီဒီယိုကြည့်ဖို့နဲ့ သီချင်းနားထောင်ဖို့ အလွန် သင့်တော်ပါတယ်။ ကျွန်တော် တို့ရဲ့ အောင်မြင်မှုအရဆုံး K Series ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။

Theatermax, Dolby Atmosတို့လိုနည်းပညာအသစ်များထည့်သွင်း ပေးထား ပါတယ်” လို့ အိန္ဒိယရဲ့ Lenovo Mobile Business Group မှ Executive Director ဖြစ်သူ SudhinMathur က ပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment