♪ " Huawei က Enjoy 6s ကို ရောင်းချ " ♫

Image may contain: phone

ယခုနှစ် တတိယကွာတားမှာ အမြတ်အများဆုံးရရှိတဲ့ Android Phone ထုတ်လုပ်သူ Huawei က အောက်တိုဘာလမှာ Enjoy 6 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ 

Huawei က Enjoy 6 ကိုရောင်းချတာ ၂ လတောင် မပြည့်သေးခင်မှာပဲ သူ့ရဲ့မျိုးဆက်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ Huawei Enjoy 6s လို့ အမည်ပေးထားပြီး Enjoy 6 ထက် အနည်းငယ်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပါတယ်။ 


Huawei Enjoy 6s မှာ ၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ 1.4GHz Qualcomm Snapdragon 435 Processor မောင်းနှင်မှာပါ။ 3GB RAM, 13 Megapixel Rear Camera, 5 Mega-pixel Selfie Camera, 3020mAh Battery တပ်ဆင်ထားပါတယ်။


Enjoy 6 ရဲ့ Storage ထက် ၂ ဆ ပိုမိုများပြားတဲ့ 32GB Intenal Storage ထည့်သွင်းပေးထားပါတယ်။ Enjoy 6s ဟာ ယခင်မျိုးဆက်ထက် ပိုမိုပါးလွှာလာပြီး ၇.၆ မီလီမီတာ အထူသာရှိပါတယ်။ SIM Slot ၂ ခု ပါရှိပါတယ်။


ရွှေရောင်၊ ငွေရောင်နဲ့ အဖြူရောင်များထုတ်လုပ်ပေးထားပြီး ၂၃၅ ဒေါ်လာဝန်းကျင် တန်ကြေးရှိပါတယ်။ Huawei က Enjoy 6s ကို တရုတ်မှာ မကြာခင်ရောင်းချပေးတော့မှာဖြစ်ပြီး အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment