♪ Snapdragon 835 ပါဝင်သည့် Xiaomi Mi 6 ကို ၂၀၁၇ ဖေဖော်ဝါရီလတွင် မိတ်ဆက်ဖွယ်ရှိ ♫


Mi 5 စမတ်ဖုန်း နေရာဆက်ခံမည့် Xiaomi Mi 6 ကို လာမည့်နှစ် ချစ်သူများနေ့တွင် တရုတ်နိုင်ငံ၌ တရားဝင် မိတ်ဆက်ဖွယ်ရှိကြောင်းသိရသည်။ အဆိုပါသတင်းသည် Weibo ရှိ tipster တစ်ဦးက Mi 6 ကို ဖေဖော်ဝါရီလ တွင် မိတ်ဆက်မည်ဟု အရိပ်အမြွက် ပြောကြားအပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အသစ်ထွက်မည့် Mi 6 စမတ်ဖုန်း၏ အချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်လာခဲ့သည်။ Xiaomi Mi 6 ကို ၅.၂ လက်မ display နှင့် 4K resolution (4096 x 2160 pixels) ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ကျောဘက်ကင်မရာ 23MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 7MP ဖြစ်ကြောင်း ဖော်ပြထားသည်။

Weibo မှ ကိုးကားဖော်ပြခဲ့သော ရင်းမြစ်တစ်ခုဖြစ်သည့် MySmartPrice ၏ အဆိုအရ Mi 6 တွင် ၅.၂ လက်မ screen နှင့် 2.5 curved glasss ကို အသုံးပြုထားကြောင်း၊ RAM က 4GB ဖြစ်ပြီး 64GB onboard storage ပါဝင်ကြောင်း သိရသည်။ အခြားသော သတင်းများတွင်မူ Mi 6 ၌ ကျောဘက်ကင်မရာနှစ်ခုစနစ် (16MP + 16MP) နှင့်အတူ 4MP selfie ကင်မရာ တပ်ဆင်ထားကြောင်း ဖော်ပြထားသည်။ ၎င်းဖုန်းတွင် USB Type-C port နှင့် Quick Charge 3.0 အထောက်အပံ့ပါဝင်သော 3000mAh ဘက်ထရီ ပါဝင်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ထို့အပြင် Xiaomi Mi 6 တွင် Qualcomm ၏ နောက်ဆုံးပေါ် Snapdragon 835 SoC ကို အသုံးပြုထားကြောင်းလည်း ကောလာဟလသတင်းများ ထွက်ပေါ်နေသလို Mi 6 က 835 SoC ပါဝင်သည့် ပထမဆုံး တရုတ်စမတ်ဖုန်း ဖြစ်လာမည်ဟု iSuppli မှ လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့သည်။



Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment