♪ “ဟန်းဆက်အဟောင်းကို အသစ်နှင့်လဲလှယ်နိုင်မည့်အစီအစဉ် Ooredoo Myanmar မှကမ်းလှမ်း” ♫

No automatic alt text available.

Ooredoo Myanmar မှ လက်ရှိအသုံးပြုနေသော Keypad နှင့် စမတ်ဖုန်း အဟောင်းများအား စမတ်ဖုန်းသစ်နှင့် လဲလှယ်နိုင်မည့်အစီအစဉ်စတင် လိုက်ပြီဖြစ်ကြောင်း သိရသည်။ အူရီဒူးမြန်မာအနေဖြင့် မကွေး၊ မင်းဘူးနှင့် ရေနံချောင်းမြို့တို့တွင် ဟန်းဆက်အဟောင်းများအားဟန်းဆက်အသစ်နှင့် လဲလှယ်ဝယ်ယူ နိုင်သည့်အစီအစဉ် အား New China Great Wall Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်စီစဉ်နေခြင်းဖြစ်သည်။

Keypad ဖုန်းများနှင့် 2G, 3G စမတ်ဖုန်းအသုံးပြုသူများအနေဖြင့် ၄င်းတို့၏ဟန်းဆက်များအား Oordoo Smart 12 4G Lux Star ဟန်းဆက်အသစ်ဖြင့် လဲလှယ်ဝယ်ယူ နိုင်ခွင့် သာမက ၁၂ လတိုင်တိုင်ငွေဖြည့်အပိုလက်ဆောင်ကိုပါ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။ အူရီဒူးအမှတ်တံဆိပ် Keypad ဖုန်း (သို့)စမတ်ဖုန်း ကိုလဲလှယ်ပြီး ဖုန်း အသစ်ဝယ်ယူပါကအဆိုပါဖုန်းများမှာ ဆက်လက် အသုံးပြုလို့ရနေသေးသည်ဆိုလျှင် keypad ဖုန်းအတွက် ကျပ် ၁၁,ဝဝဝ နှင့်စမတ်ဖုန်းအတွက် ၂ဝ,ဝဝဝ ကျပ်လျှော့ဈေးဖြင့်ဖုန်းအသစ် ဝယ်ယူခွင့်ရရှိမည်ဖြစ်ပါသည်။ ဟန်းဆက်ဖွင့်လို့မရဘဲပြန်လည် အသုံးပြုလို့ မရတော့ပါက keypad ဖုန်းအတွက် ၈,ဝဝဝ ကျပ်နှင့် စမတ်ဖုန်းအတွက် ၁၁,ဝဝဝ ကျပ်လျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

အခြားအမှတ်တံဆိပ်ဟန်းဆက်များကို အသုံးပြုသူများ အနေဖြင့်လည်း ၄င်းတို့၏လက်ရှိဟန်းဆက်ကို အူရီဒူးမြန်မာ၏ Smart 12 4G Lux Star စမတ်ဖုန်းဖြင့်လာ ရောက်လဲလှယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ပြန်လည်လဲလှယ် လိုသည့် ဟန်းဆက်ကောင်းနေသေးသည်ဆိုလျှင် Keypad ဖုန်းအတွက် ၁ဝ,ဝဝဝ ကျပ်နှင့် စမတ်ဖုန်းအတွက် ၁၈,ဝဝဝ ကျပ်ကိုလည်းကောင်း၊ ယင်းဟန်းဆက် များမကောင်းတော့ပါက Keypad ဖုန်းအတွက် ၆,ဝဝဝ ကျပ်နှင့်စမတ်ဖုန်းအတွက် ၁ဝ,ဝဝဝ ကျပ် လျှော့ဈေးဖြင့် ဖုန်းအသစ်ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ Smart 12 4G Lux Star မှာ ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်မည်ဖြစ်ပြီး၊ အဖြူနှင့်ရွှေရောင်အရောင်နှစ်မျိုးဖြင့် ရွေးချယ် နိုင်မည် ဖြစ်ပြီး ဈေးနှုန်းမှာ ၁၁၉,၉၉၉ ကျပ်ဖြစ်ပါသည်။ မျက်နှာပြင်အကျယ် ၅.၅ လက်မရှိပြီး၊ 1G+ 8G ဖုန်း Memory, External SD ကတ်၊ 13MP နောက် ကင်မရာပါဝင်မည်ဖြစ်ပါသည်။ အဆိုပါဟန်းဆက်အသုံးပြုသူများအနေဖြင့် လစဉ် ၅,ဝဝဝ ကျပ်ဖုန်းငွေ ဖြည့် တိုင်းတစ်လလျှင်ငွေဖြည့်အပိုလက်ဆောင် ၁ဝ,ဝဝဝ ကျပ်ကို ၁၂ လတိုင်တိုင် လက်ခံရရှိမည်ဖြစ်ပါသည်။

အဆိုပါအပိုငွေဖြည့်တန်ဖိုးများအားလုံးကို အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့်အခြေခံအင်တာနက် ကိုအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ ဟန်းဆက်များအားလုံးအား ၁နှစ်အာမခံရရှိမည်ဖြစ်သည်။အစီအစဉ်ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်မှစတင်ကာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မကွေး မြို့ရှိအူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင် အမှတ်-၃၄၉(ဘီ)၊ နတ်မောက်လမ်း၊ ဇုန်အေ ၃၆ရပ်။ မျိုးသိန်း Mobile-BHS (၁)လမ်း၊ ရန်ကင်းဈေးအနီး။ ကောင်းမြတ် Mobile အမှတ်(၂၂၅)၊နတ်မောက်လမ်း၊ ဆုံရပ်၊ တံတားအဝိုင်း အနီး။ Bestone Mobile အမှတ် (၄၆၂)၊ ပြည် တော်သာလမ်း၊ ရန်မျိုးအောင်ရပ်။ One Mobile House ဗိုလ်ချုပ် လမ်း၊ လမ်း(၅)သွယ်အဝိုင်းအနီး၊ ခရိုင်အားကစားကွင်းတိုက်တန်း၊ မကွေးမြို့။ ကောင်းမွန်စူပါမားကတ်-ကောင်း မွန်စင်တာမြေညီထပ်နှင့် ပထမထပ်၊ ပြည်တော်သာလမ်း။


One Mobile House ပြည်တော်သာလမ်း၊ အဝေးပြေး ကားဝင်းအနီး၊ ရပ်ဝေးရပ်။ ဟင်္သာညီနောင် အမှတ်(၃/က)၊ ပြည်တော်သာ လမ်း၊ မစိုးရိမ်ရပ်၊ မကွေးမြို့ တို့ဖြစ်ပြီး ရေနံချောင်းမြို့တွင် စိန်မေတ္တာ Mobile မြို့မတောင်၊ လမ်းမတော်နှင့် မင်းဘူးမြို့တွင်ဟင်္သာ ညီနောင် အမှတ်(၃)၊ ကုလားကုန်းထိပ်တို့သို့ သွားရောက်လဲလှယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment