♪ မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် Apple ကို Nokia တရားစွဲ ♫


ကုမ္ပဏီ၏ စမတ်ဖုန်းနည်းပညာမူပိုင်ခွင့် ၃၂ ခုအတွက် Apple ကို အမေရိကန်နှင့် ဥရောပတွင် တရားစွဲဆိုထားကြောင်း Nokia က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Apple သည် display, user interface, software antenna, chipsets နှင့် video coding စသည့် နည်းပညာများ၏မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Apple သည် ၂၀၁၁ ခုနှစ်က မူပိုင်ခွင့်အချို့အတွက် ငွေပေးချေခဲ့သော်လည်း အထက်ပါ မူပိုင်ခွင့် ၃၂ ခုအတွက် Apple နှင့် သဘောတူညီမှု မရယူထားကြောင်း Nokia မှ ပြောကြားခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ Apple မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment