♪ ကျိုက်ထီးရိုးဘုရားတွင် အနယ်နယ်အရပ်ရပ်မှ တယ်လီနော သုံးစွဲသူများ ဆင်းကတ်မှတ်ပုံတင်နိုင် ♫


တယ်လီနောမြန်မာလိမိတက် သည် အနယ်နယ် အရပ်ရပ်မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ဖူးမျှော်ကြမည့် သုံးစွဲသူများအတွက် ဒီဇင်ဘာလ (၃၀) ရက်နေ့မှ ဇန်န၀ါရီလ (၁) ရက်နေ့အတွင်း ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့် အခြားဝန်ဆောင်မှု များကို ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

တယ်လီနောကောင်တာကို ကျိုက်ထီးရိုးတောင်ခြေ အနီးစခန်းတွင် ဖွင့်လှစ်ထားမည် ဖြစ်ပြီး ဆင်းကတ် မှတ်ပုံမတင်ရသေးသည့် တယ်လီနော သုံးစွဲသူများအနေဖြင့် မိမိမှတ်ပုံတင် (သို့မဟုတ်) အခြားအသိအမှတ်ပြု သက်သေခံ ကတ်တစ်ခုခုနှင့်အတူ အလွယ်တကူဝင်ရောက် မှတ်ပုံတင်နိုင်ပါသည်။ ထို့ပြင် တယ်လီနော၏ အခြား ၀န်ဆောင်မှုများကိုလည်း ယင်းကောင်တာတွင် ရရှိနိုင်မည်လည်း ဖြစ်သည်။
တယ်လီနော ဆမ်းကတ် အဟောင်းများကို မြန်နှုန်းမြင့် ‘USIM’ များဖြင့် လဲလှယ်သူများကိုလည်း 500 MB အခမဲ့ ပေးအပ်မည် ဖြစ်ပါ သည်။

သုံးစွဲသူများအတွက် လိုအပ်သော Facebook၊ Viber နှင့် My Telenor စသည့် အက်ပလီကေးရှင်းများ ထည့်သွင်းခြင်းနှင့် လူမှုကွန်ရက်များကို သုံးစွဲရန် ကိုယ်ပိုင်အကောင့် ဖွင့်လှစ်ခြင်းတို့ကိုလည်း အခမဲ့ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ သုံးရက်တာကာလအတွင်း ဘုရားဖူးများ အပမ်းပြေစေရန် အတွက် မျက်လှည့်ပြပွဲနှင့် အခြား ဂိမ်းကစားပွဲများကိုပါ အခမဲ့ ကြည့်ရှုနိုင်စေရန် စီစဉ်ထားမည် ကြောင်း သိရသညါ။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment