♪ အနီရောင် Oppo R9s ကို မိတ်ဆက် ♫


Oppo က R9s အတွက် အနီရောင် မော်ဒယ်ကို တရုတ်မှာ မိတ်ဆက်လိုက်ပါတယ်။ ခရစ်စမတ်ပွဲတော် ကာလ ဖြစ်တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင် ရောင်းချပေးလိုက်ပါတယ်။ ဒေါ်လာ ၄၀၃ သတ်မှတ်ထားပြီး ယခင်မော်ဒယ်များနဲ့ ဈေးတူပါတယ်။

Oppo R9s ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla 5 ဖြင့် ကာကွယ်ထားပါတယ်။ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Adreno 506 GPU , 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။

Oppo R9s ရဲ့ အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာလည်း 16 Megapixel Camera တပ်ဆင်ထားတဲ့အတွက် Selfie များ ရိုက်ရင် အလွန် ကောင်းမွန်မှာ ဖြစ်ပါတယ်။ SIM Slot ၂ ခု ပါပြီး Home Button မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ တပ်ဆင်ထားပါတယ်။ 3100mAh Battery ပါရှိပြီး Oppo ရဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ VOOC Flash Charge နည်းပညာ ပါရှိပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment