♪ CES ပြပွဲမတိုင်မီ Stylus 3 နှင့်အခြားဖုန်း ၄ မျိုးကို LG ထုတ်ဖော်ပြသ ♫


LG သည် လက်စ်ဗီးဂတ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ပြုလုပ်မည့် CES ပြပွဲမတိုင်မီတွင် စမတ်ဖုန်းသစ်များကို မိတ်ဆက်ခဲ့သည်။ တောင်ကိုရီးယားကုမ္ပဏီ LG သည် Stylus 3 နှင့်အတူ K3, K4, K8 နှင့် K10 စမတ်ဖုန်းများကို ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

Stylus 3 သည် အကြီးမားဆုံးနှင့် အားအကောင်းဆုံး LG စမတ်ဖုန်းသစ်တစ်မျိုးဖြစ်သည်။ ၎င်းတွင် မျက်နှာပြင် ၅.၇ လက်မအရွယ် ရုပ်ထွက်အရည်အသွေး 1280x 720 pixels တို့ပါဝင်သည်။ MediaTek ၏ 1.5GHz MT6750 ပရိုဆက်ဆာအသုံးပြုထားကာ RAM 3GB အသုံးပြုထားသည်။

ဖုန်း၏ကျောဘက်တွင် 13MP ကင်မရာနှင့် လက်ဗွေဖတ်စနစ်တို့ ပါဝင်သည်။ ရှေ့ကင်မရာမှာ 8MP ဖြစ်ကာ storage 16GB, Stylus Pen နှင့် ဖြုတ်နိုင် တပ်နိုင်သော 3,200mAh ဘက်ထရီတို့ ပါဝင်သည်။ ၎င်းတွင် Android 7.0 Nougat အသုံးပြုထားကာ အနက်နှင့်ရွှေရောင်ဟူ၍ အရောင်နှစ်မျိုး ထုတ်လုပ်သွားမည် ဖြစ်သည်။

K10 စမတ်ဖုန်းတွင် မျက်နှာပြင် ၅.၃ လက်မ HD display ရှိပြီး Stylus 3 တွင်အသုံးပြုထားသော ပရိုဆက်ဆာကိုပင် အသုံးပြုထားသည်။ RAM 2GB ဖြစ်ပြီး အဓိကကင်မရာမှာ 13MP နှင့် selfie ဓာတ်ပုံများကို ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်မည့် 5MP တို့ပါဝင်လာသည်။ K10 တွင် storage 16 သို့မဟုတ် 32GB ဗားရှင်းဟူ၍ နှစ်သက်ရာ ရွေးချယ်နိုင်ပြီး လက်ဗွေဖတ်စနစ်နှင့် ဘက်ထရီ 2,800 mAh ပါဝင်သည်။ K10 တွင်လည်း Android 7.0 Nougat အသုံးပြုထားပြီး အနက်၊ မီးခိုးဖျော့နှင့် ရွှေရောင်ဟူ၍ ထုတ်လုပ်သွားမည်။

K8 မှာ အရွယ်အနည်းငယ်သေးငယ်ပြီး ၅ လက်မ HD display အသုံးပြုထားသည်။ ထို့အပြင် Snapdragon 425 ပရိုဆက်ဆာနှင့် RAM 1.5GB နှင့်တွဲဖက်ထားသည်။

ကင်မရာပိုင်းတွင် ကျောဘက် 13MP နှင့် ရှေ့ဘက်တွင် 5MP, storage 16GB နှင့် Android 7.0 Nougat ကို အသုံးပြုထားသည်။ LG K8 ကိုမူ ငွေ၊ မီးခိုးဖျော့၊ နက်ပြာနှင့် ရွှေဟူ၍ လေးမျိုး ထုတ်လုပ်မည် ဖြစ်သည်။

K4 မှာ K8 နှင့်မျက်နှာပြင် အရွယ်အစား တူညီသော်လည်း ရုပ်ထွက်အရည်အသွေး နိမ့်ပါးသည်။ ထို့အပြင် ပရိုဆက်ဆာမှာလည်း Snapdragon 210 အသုံးပြု ထားသောကြောင့် စွမ်းဆောင်မှု မြင့်မားသလို RAM 1GB သာ အသုံးပြုထားသည်။ Storage ပိုင်းမှာ 8GB သာရှိပြီး 32GB အထိတိုးချဲ့ အသုံးပြုထားသည်။ K4 ၏ကင်မရာနှစ်လုံးတွင် 5MP ကင်မရာဖြစ်ပြီး ဖြုတ်နိုင် တပ်နိုင်သော 2,500 mAh နှင့် Android Marshmallow အသုံးပြုထားသည်။ K4 ကို မီးခိုးဖျော့နှင့် အနက်ဟူ၍ နှစ်ရောင်သာ ထုတ်လုပ်မည် ဖြစ်သည်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment