♪ “Linux Server Administration and Scripting” သင်တန်း ဖွင့်လှစ်မည် ♫


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Linux Server Administration နှင့် Scripting နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် ရည်ရွယ်၍ “Linux Server Administration and Scripting” သင်တန်းကို ဇန်နဝါရီလ ၁၄ ရက်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းအား Linux အခြေခံသိထားသူများသာ တက်ရောက်နိုင်မည် ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ အဖွဲ့အ စည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ၊ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပကုမ္ပဏီများတွင် Linux Server Administrator အဖြစ်အလုပ်လုပ်လိုသူများ၊ IT ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင့်သည့် သင်တန်းဖြစ်သည်။

သင်တန်းတက်ရောက်ခြင်းအားဖြင့် Linux Server Administration ပိုင်းအား Professional တစ်ယောက်ဖြစ် သည်အထိ လေ့လာရမည် ဖြစ်သည်။ Linux Scripting ကို Bash နှင့် Python စသည့် Programming Language များကို အသုံးပြု၍ ကိုယ်ပိုင် Script များရေးနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတွင် CentOS နှင့် Kali Linux ကို အခြေခံပြီး သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် စာတွေ့အပြင် လက်တွေ့ပါ လေ့ကျင့်သင်ကြားရမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းတက်ရောက်ပြီးဆုံး ပါက နိုင်ငံတကာ အသိအမှတ်ပြု CompTIA Linux +, LPI, Novel Linux Exam များကို ကိုယ်တိုင်ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။

သင်တန်းကြေး အနေဖြင့် နှစ်သိန်းကျပ် ကုန်ကျမည်ဖြစ်ပြီး MCPA Member ဖြစ်သူများကို ၅၀ ရာခိုင်နှုန်းခံစား ခွင့်ဖြင့် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် သင်တန်းသား အရေအတွက် ကန့်သတ် ထားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဇန်နဝါရီလ ၁၄ ရက် နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်း ၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်သည်။



Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment