♪ Android Google Keyboard တွင် Google Search အား Disable ပြုလုပ်ခြင်း ♫


Gboard လို့ အမည်ပေးထားတဲ့ Google Keyboard ဟာ Android အတွက်ရော iOS အတွက် ပါ နာမည်တစ်မျိုးတည်းနဲ့ ဖြန့်ချိပေးခဲ့ပါတယ်။

Gboard ဟာ တခြား keyboard တွေထက် အားသာချက်ကတော့ Google Search ကို keyboard ထဲကနေ တစ်ခါတည်းရှာဖွေနိုင်သလို၊ emoji အတွက်လည်း keyboard သပ်သပ် ထပ်မံ သုံးစွဲစရာမလိုဘဲ အဆိုပါ keyboard ထဲမှာပဲ ထည့်သွင်းပေးထားပါတယ်။ ထို့အပြင် GIF ဖိုင်တွေကိုလည်း Gboard ထဲကနေ keyword ရိုက်ထည့်ပြီးရှာဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။

အကယ်၍ Android device ပေါ်မှာ အသုံးပြုထားတဲ့ Google Keyboard ထဲက Google Search ကို အသုံးမပြုချင်သူတွေအတွက် Google Search feature ကို disable ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

Google Search feature ကို ပိတ်ထားဖို့အတွက် app ကို ဖွင့်ပြီး Gboard keyboard settings ကို ရွေးချယ်လိုက်ပါ။



Gboard Settings ထဲကိုရောက်ပြီဆိုရင် Search ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Search Settings ထဲကိုရောက်ပြီဆိုရင် Show G Button ဆိုတဲ့ Toggle ကို Off ပြုလုပ်ပေးရပါမယ်။ ဒါဆိုရင် Google Keyboard ထဲမှာ Google Search ကို disable ပြုလုပ်ပေးသွားပါလိမ့်မယ်။



အကယ်၍ အဆိုပါ feature ကို ပြန်လိုအပ်တယ်ဆိုရင် Toggle ကို ပြန်ပြီး On ပေးထားလိုက်ရင် Google Search ကို Gboard မှာ ပြန်လည် အသုံးပြုနိုင်မှာဖြစ်ပါတယ်။



Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment