♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫

Image may contain: one or more people, phone and text

မေး - ကျွန်တော့်ဖုန်းက Wi-Fi နဲ့ အင်တာနက် အလိုလိုပွင့်နေတယ်။ ကူညီပေးပါဦးအစ်ကို။
ဖြေ - Setting ထဲကိုဝင်ပြီး Wi-Fi App ကို Clear Cache & Clear Data လုပ်ပြီး စက်ကို Restart လုပ်ကြည့်ပါ။ Internet Setting Access Point Names ကို ပြန်ကြည့်ပြီး သုံးကြည့်ပါ။ အကယ်၍မရပါက စက်ကို Restart ချရပါမည်။ User Data များဆုံးရှုံးနိုင်သည်။ အထက်ပါအတိုင်း လုပ်ကြည့်၍ မရပါက Software အသစ်ပြန်လည်ရေးရပါမည်။

မေး - ကျွန်တော့်ဖုန်းက Huawei G610 ပါ။ Message က အ၀င်ပဲရတယ်။ အထွက်မရဘူး။ ကူညီပေးပါဦး အစ်ကိုတို့ရေ။
ဖြေ - Message Centre Number ကိုပြန်ချိန်ကြည့်ပါ။ +9595930003, +9595930004 စသည်ဖြင့် ပြောင်း ချိန်ကြည့်ပါ။ Message Setting ထဲဝင် အပေါ်ဒေါင့်က အစက်သုံးစက်မှာ Restore Default Settings လုပ်လိုက်ပါ။ အစ်ကိုတို့အားလုံးအဆင်ပြေသွားမည်။

မေး - Official Firmware လိုချင်တယ်။ Honor G620S-U100 ပါ။ Firmware တင်နည်းပါ ပြောပြပေးပါ အစ်ကိုတို့ရေ။
ဖြေ - Google မှာ Honor G620S-U100 Official Firmware လို့ ရိုက်ရှာလိုက်ပါ။ Download ဆွဲပြလိမ့်မည်။ Download ဆွဲလိုက်ပါ။ ရလာသောဖိုင်လေးကို Zip ဖြည်လိုက်ပါ။ Zip ဖြည်လိုက်သော Folder ထဲတွင် Dload ကိုတွေလိမ့်မည်။ SD Card ထဲသို့ ကူးထည့်လိုက်ပါ။ SD Card ထဲတွင် အခြားဖိုင်များရှိရင် အလုပ်မလုပ်ပါ။ ထို့ကြောင့် Dload ဖိုင်ကိုကူး၍ Phone Power ပိတ်၍ V(+), V(-) – Power ကိုတစ်ပြိုင်တည်း နှိပ်လိုက်ပါ။ Firmware တင်နေပါမည်။ ကျေးဇူးတင်ပါသည်။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက မှန်ကအကောင်းကြီး Touch လည်းဆွဲလို့ရသေးတယ်။ ဒါပေမဲ့ Notification ကို ဆွဲလို့မရဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဆိုရင် အစ်ကို့ဖုန်းက မှန်ကကောင်းနေသော်လည်း Touch ကြောင်သွားတာဖြစ်တဲ့ အတွက် နီးစပ်ရာ Service ဆိုင်မှာ မှန်သွားလဲမှ ပြန်ကောင်းနိုင်မှာပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းလက်ခံရင် နားနားကပ်ပေမယ့် အမြဲတမ်းလင်းနေတယ်။ ဘယ်လိုလုပ်ရ မလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့လို Error တက်ခဲ့ရင်တော့ အစ်ကို့ဖုန်းက Sensor မကောင်းတာကြောင့်ပါ။ နီးစပ်ရာ Service ဆိုင်မှာ သွားပြလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဂိမ်းဆော့နေရင် အလင်းကမှိန်သွားလိုက် လင်းလာလိုက်ဖြစ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့။ အဲ့လို Error တက်ခဲ့ရင်တော့ အစ်ကိုဆော့တဲ့ဂိမ်းရဲ့ Graphic ကို ဂိမ်းကမနိုင်တာလည်း ဖြစ်နိုင်သလို အစ်ကို့ဖုန်းရဲ့ Curcist ထဲက အလင်းထုတ်တဲ့အပိုင်းက ချို့ယွင်းတာကြောင့်ဖြစ်နိုင်ပါတယ်။ နီးစပ်ရာ Service ဆိုင်ကိုသွားပြလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့် iPad ထဲမှာ Level အလိုက် တစ်ခန်းပြီးတစ်ခန်းဆော့ရတဲ့ဂိမ်းကို ကစားနေပါ တယ်။ ဒါပေမဲ့ အဲ့ဒီဂိမ်းတွေက အခန်းတွေကုန်သွားတဲ့အခါ အခန်းအသစ်ကို ထပ်တက်လို့မရဘူးဖြစ်နေတယ်။ အခန်းအသစ်တက်ချင်ရင် ဂိမ်းထဲမှာပဲ ပိုက်ဆံရှာပြီး ကိုယ်ကစားမယ့်အခန်းအတွက် ပိုက်ဆံပေးဝယ်ရပါတယ်။ ဒါပေမဲ့ အဲ့လိုဝယ်လိုက်ရင်လည်း အွန်လိုင်းချိတ်ပြီး iTune ပေါ်မှာ ပိုက်ဆံပေးပြီး ကစားခိုင်းပြန်ပါတယ်။ အဲ့ဒီလို မျိုးမ၀ယ်ဘဲနဲ့ Hack ပြီးတော့ ကစားလို့ရတဲ့နည်းလမ်းလေးများရှိသလားလို့ သိချင်ပါတယ်အစ်ကို။ အစ်ကိုသိ ရင် ကျေးဇူးပြုပြီးတော့ ပြောပြပေးပါခင်ဗျာ။


ဖြေ - ဟုတ်ကဲ့။ iDevices ဖုန်းတွေအတွက် ယေဘူယျအားဖြင့် ရမယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဂိမ်းတိုင်းတော့ မရပါဘူး။ ရာခိုင်နှုန်း ၈၀ လောက်တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို Hack ပြီးသုံးနိုင်ဖို့အတွက် မိမိရဲ့ iDevices ကို Jailbreak လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် Cydia ထဲ မှာသွားခိုးရမှာမို့လို့ပါ။ ခိုးတဲ့ Application တွေရပြီဆိုရင် ကိုယ်ကစားချင်တဲ့ဂိမ်းတွေမှာ လိုအပ်တဲ့အခန်းတွေကို ခိုးလို့ရနိုင်ပါပြီ။ ဒါပေမဲ့ iDevices တွေမှာ အွန်လိုင်းချိတ်ကစားရတဲ့ ဂိမ်းတွေကိုတော့ ခိုးလို့မရပါဘူး။ Offline ကစားရတဲ့ဂိမ်းတွေကိုပဲ ခိုးလို့ရပါတယ်။ တစ်ခုတော့ သတိထားရပါမယ်။ ဒီလိုခိုးပြီးကစားတဲ့ Application တွေကို အသုံးပြုပြီးရင်တော့ နောက်ထပ် ဘာဂိမ်းကိုမှ ထည့်ပြီးကစားလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခိုးထားတဲ့ဂိမ်းတွေကိုအသုံးပြုရတဲ့ Application ကြောင့် နောက်ထပ်အသုံးပြုမယ့်ဂိမ်းဖိုင်တွေမှာ အဆင်မပြေတော့ပါဘူး။ Offline ဂိမ်းတွေထည့်ရင်တောင် အဆင်မပြေနိုင်တော့ပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment