♪ “Meizu M5” ♫

Image may contain: phone

ပြည်တွင်းဈေးကွက်အတွင်းတွင် စမတ်ဖုန်းတံဆိပ်များစွာရှိပြီး အများစုမှာ တရုတ်နိုင်ငံအခြေစိုက် ထုတ်လုပ် သော ဟန်းဆက်များဖြစ်ပါတယ်။ စမတ်ဖုန်းများစွာထဲတွင် Meizu သည်လည်း လူသုံးများသော တံဆိပ်တစ်ခု ဖြစ်ကာ၊ ယခု လပိုင်းအတွင်း Meizu ၏ အရည်အသွေးမြင့် စမတ်ဖုန်းများထဲမှ အသစ်ထွက်ရှိလာမည့် Meizu M5 သည် သုံးစွဲသူများအတွက် အတွေ့အကြုံ သစ်များစွာပါဝင်လာသော စမတ်ဖုန်းတစ်လုံးအဖြစ် တည်ရှိနေပါတယ်။

M5 ရဲ့ အရွယ်အစားပမာဏကတော့ 147.3 × 72.8 × 8.2 mm ဖြစ်ခြင်းကြောင့် ကိုင်ဆောင်အသုံးပြုဖို့အတွက် အဆင်ပြေစေပါတယ်။ ဖုန်းရဲ့အလေးချိန် ကတော့ 138g ရှိပါတယ်။ M5 ဟာ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားဖြစ်သောကြောင့် ဆင်းကတ်များစွာ အသုံးပြုနေသူ များ အဆင်ပြေစေပါလိမ့်မယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ် အရွယ်အစား ကတော့ Nano Sim ပါ။ Meizu M5 သည် Octa-Core CPU 1.5 GHz ကို အသုံးပြုထားပြီး RAM 3GB, Internal 32 GB တို့ဖြင့် ပေါင်းစပ်ကာ စမတ်ဖုန်းတစ်လုံး ကို ဖွဲ့စည်းထားသောကြောင့် ဖိုင်ဆိုက်ကြီးသော Game များ နှင့် Application များစွာကို အသုံးပြုရသည်မှာ လျင်လျင်မြန်မြန် နှင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Meizu M5 ၏ ဖုန်းမျက်နှာပြင်မှာ IPS LCD Capacitive Touch Screen အမျိုးအစားဖြစ်ပြီး မျက်နှာပြင်အကျယ်အ၀န်း ကတော့ 5.2 inches ရှိပါတယ်။ Resolution မှာ 1280 × 720 (HD) အထိ ပါဝင်နေသောကြောင့် Game, Video နှင့် အခြားသော app များကို ကြည်လင် သော ရုပ်ထွက်နှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 282 ppi ပါ။

Meizu M5 ၏ Body ကို Polycarbonate Body ဖြင့် ပြုလုပ်ပေးထားသော ကြောင့် CPU မှ ထွက်ပေါ်လာသော အပူငွေ့များအား အပြင်ဘက်သို့ လျင်မြန် စွာစုပ် ထုတ်ပေးပြီး ဖုန်းကွေးခြင်း ညွတ်ခြင်းမှလည်း အပြည့်အ၀ ကာကွယ် ပေးထားပါတယ်။ Multitouch စနစ်တွင် Flyme 5.5 ကို သုံးစွဲနိုင်ပါမယ်။ Meizu M5 ၏အဓိကထား လုပ်ထားသောအပိုင်းမှာ Battery ဖြစ်ပါတယ်။ Meizu M5 တွင် Battery 3070 mAh အထိ ပါဝင်နေပါတယ်။ Meizu M5 Battery ၏ အဓိကအားသာချက်ဖြစ်နေသောအချက်မှာ ဓာတ်ပုံရိုက်လျှင် (၅) နာရီဆက်တိုက် ရိုက်ကူးနိုင်ခြင်း၊ (၉) နာရီ ဆက်တိုက် ဂိမ်းဆော့နိုင်ခြင်း၊ (၃၇) နာရီဆက်တိုက် ဖုန်းပြောနိုင်ခြင်း၊ (၆၆) နာရီဆက်တိုက် သီချင်းများ အား အဆက်မပြတ် နားထောင်နိုင်ခြင်းတို့ ပါဝင်နေပါတယ်။


ထို့ကြောင့် Meizu M5 သည် ဂိမ်းဆော့သူများ၊ ခရီးသွားသူများအတွက် အထူးသင့် လျော်ပြီး USB Type C နှင့် Fast Charger တို့ပါ ပါဝင်နေသောကြောင့် ရွေးချယ်ချင်စရာ တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးအဖြစ် တည်ရှိနေပါတယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core 1.5 GHz
Screen - 5.2 inches
Camera - 13 MP
Bluetooth - v 4.0
Storage - 32 GB
OS - Android OS, v5.1
Contact - 09-456585102

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment