♪ ၃၂ နာရီ အထိ အသုံးခံမယ့် နောက်ဆုံးပေါ် Gionee Luxury Phone ♫


အမျိုးမျိုးအစားစားသော ဇိမ်ခံဖုန်းတွေ အများကြီး ထုတ်လာကြတဲ့ အထဲမှာ အခုနောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Gionee ရဲ့ ဇိမ်ခံဖုန်း ကတော့ တမျိုးတစ်ဘာသာ ထူးခြားမှု တွေ ပေါင်းစပ်ဖွဲ့စည်း ထားတယ် လို့ သိရပါတယ်။
.
သူ့ကို Gionee M2017 ကို ခေါ်ဆိုပြီး ၅.၇ လက်မ အရွယ်ရှိကာ စကားပြောဆိုချိန်တစ်ခုတည်း အတွက်ဆို ၃၂ နာရီ အသုံးပြုနိုင်မယ် လို့ ကုမ္ပဏီ က ပြောဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ထည့်သွင်းထားတဲ့ ဘက်ထရီ ဟာ 7000mAh ပမာဏ အထိ ရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါဟာ တက်ဘလက်တွေထက်လည်း ပိုမိုများပြားတဲ့ ဘက်ထရီ အင်အား ကို ထည့်သွင်းထားတာဖြစ်ပြီး PowerBank သီးသန့်ဆောင်ထားစရာ မလိုတော့အောင် ဖန်တီးထားတဲပုံပါပဲ။ Metal နဲ့ လယ်သာ ကို အချိုးကျကျ ပေါင်းစပ်ထားပြီး မျက်နှာပြင် က တော့ AMOLED သုံးစွဲထားပါတယ်။
.
မျက်နှာပြင်ဖတ် FaceFingerPrint လုံခြုံရေး ကို သုံးစွဲပါတယ်။ Snapdragon 653 Processor ပါရှိပါမယ်။ HD ရုပ်ထွက်တွေ အလန်းစား ရရှိဖို့အတွက် 6GB RAM, နဲ့ ထောက်ပံ့ထားပြီး အချက်အလက်တွေ က 128GB အထိ သိုလှောင်နိုင်ပါတယ်။ အရှေ့ဘက် ကင်မရာ က 8 Megapixel ပါ။ အနောက်ကတော့ 12MP နဲ့ 13MP ကင်မရာ နှစ်လုံး ပါဝင်မယ် လို့ ကြော်ငြာထားပေမယ့် ကင်မရာပိုင်းကတော့ သတင်းအချက်အလက် နည်းနည်း လွဲနေနိုင်ပါသေးတယ်။
.
Gionee ကို တရုတ်နိုင်ငံမှာ ကနဦး စတင်ရောင်းချမှာ ဖြစ်ပြီး လာမယ့် ဇန်န၀ါရီ ၆ ရက်နေ့ မှာ 126GB အတွက် 1007 ဒေါ်လာ၊ 256GB အတွက် 2446 ဒေါ်လာ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ MainStreaming တွေ ပြုလုပ်ဖို့အတွက် အကောင်းဆုံး Media Device တစ်ခု အနေနဲ့ အသုံးတော်ခံနိုင်မယ့် အပြင် ဇိမ်ခံဖုန်းတစ်လုံးအနေနဲ့ စိတ်ကြိုက်တွေ့လာနိုင်ဖွယ်ရာ ရှိနေပြီး Vertu တို့လို Luxury ဖုန်းအမျိုးအစား တစ်ခု အဖြစ် ဈေးကွက် ရရှိဖို့ ရည်ရွယ်နေတယ် လို့ သိရပါတယ်။


Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment