♪ Windows File Explorer မှ Search History များကို ဖယ်ရှားခြင်း ♫


Windows File Explorer ရဲ့ Search box မှာ Click နှိပ်လိုက်တာနဲ့ Search History တွေဟာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Windows File Explorer မှ Search History တွေကို ဖယ်ရှားရှင်းလင်းချင်တယ်ဆိုရင် အလွယ်တကူနဲ့ ဖယ်ရှားရှင်းလင်းနိုင်မှာဖြစ်ပါတယ်။

Win + E key နဲ့ Windows File Explorer ကို ဖွင့်လိုက်ပါ။ Windows File Explorer ဖိုင် ပွင့်သွားရင် Search ဆိုတဲ့ Tab ကို ရှာရပါမယ်။ မတွေ့ပါက Search box မှာ Click တစ်ချက် နှိပ်လိုက်ရင် Search ဆိုတဲ့ tab ပေါ်လာပါလိမ့်မယ်။


Search tab ကို နှိပ်ပြီး Recent Search ဆိုတဲ့နေရာကို နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ်ရှာဖွေထားတဲ့ recent search list တွေကို ဖော်ပြပေးထားပါလိမ့်မယ်။ အောက်ခြေနားမှာရှိတဲ့ Clear Search History ဆိုတာကို ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် Recent search list တွေကို ဖယ်ရှားပေးသွားပါလိမ့်မယ်။




Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment