♪ AI နည်းပညာ ကြောင့် ကျောင်းဆရာတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင် ♫


အွန်လိုင်းပညာရေး ကုမ္ပဏီတစ်ခုရဲ့ လေ့လာစမ်းသပ်ချက်အရ အနာဂတ် စာသင်ခန်းတွေမှာ AI နည်းပညာ သုံးစွဲလာဖို့အတွက် သင်္ချာတွက်ချက်မှုအတွက်ဖြစ်စေ၊ ဓါတုဗေဒစမ်းသပ်မှုတွေအတွက်ဖြစ်စေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်စွမ်း ရှိလာမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
.
လန်ဒန်မြောက်ပိုင်းမှာ ရှိတဲ့ စာသင်ကျောင်းတွေထဲကနေ အသက် ၅ နှစ် ကနေ ၁၅ နှစ်အကြားရှိတဲ့ ကျောင်းသားလူငယ်များစွာကို ဆာဗေးပြုလုပ်ပြီး AI ညဏ်ရည်တု နည်းပညာ နဲ့ အွန်လိုင်းတွက်ချက်မှု ပုစ္ဆာတွေကို စမ်းသပ်ဖြေဆိုစေခဲ့ရာ ရာခိုင်နှုန်းပြည့်နီးပါး အောင်မြင်မှုရရှိခဲ့တယ်လို့ အွန်လိုင်းတွက်ချက်မှုပိုင်းဆိုင်ရာ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ အဲဒီ ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
.
အွန်လိုင်းမှာ ကျောင်းဆရာကိုယ်စား စာသင်ကြားပေးမယ့် AI ဟာ  နောက်ဆုံးအဆင့်မှာ စာမေးပွဲစစ်တာအထိ ပြုလုပ်လာနိုင်မယ် လို့ ဆိုပါတယ်။ အဲဒီ AI ဟာ ပရိုဂရမ်တစ်ခု အနေနဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး စာသင်သား နဲ့ ကျောင်းသင်ခန်းအစာ အကြားမှာ ဒိုင်လူကြီးကဲ့သို့ တိတိကျကျဆောင်ရွက်ပေးဖို့အတွက် အခုအချိန်မှာတော့ Third Person အနေနဲ့ ကြီးကြပ်သူတစ်ဦး ရှိနေပေးရဆဲပဲ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ ကြီးကြပ်သူတွေပါ အလုပ်လက်မဲ့ ဖြစ်သွားလာနိုင်ဖွယ်ရှိနေတယ် လို့ ဆိုပါတယ်။
.
ဒါပေမယ့် စမ်းသပ်လေ့လာမှုကို ဖြေဆိုပေးခဲ့ကြတဲ့ ကလေးငယ်တွေ ရဲ့ အဆိုအရတော့ သူတို့ကို (AI) ကို ကလေးငယ်တွေ ဟာ ကြောက်ရွံ့မှု ရှိနေကြဆဲပဲ ဖြစ်ပြီး တစ်စုံတရာ အန္တာရယ်ပေးမှာကို ထိတ်လန့်လျက်ရှိကြဆဲပဲ ဖြစ်တယ် လို့ သိရပါတယ်။ AI ဟာ ကျောင်းဆရာစစ်စစ်တစ်ဦး မှာ ရှိတဲ့ ကိုယ်ချင်းစာတရား နဲ့ နွေးထွေးမှုတွေ ရှိမနေဘဲ ပုစ္ဆာတွေကို မေးမြန်းစဉ်မှာ ကလေးငယ်တိုင်းဟာ ပရိုဂရမ်က ပေးအပ်တဲ့ မေးခွန်းတွေကို စိုးရိမ်စိတ်နဲ့ လက်ခံခဲ့ရတယ် လို့ ဆိုပါတယ်။.
.
A.I ဆိုတာ Artificial Intelligence ရဲ့ အတိုကောက်ပါ။ “ဉာဏ်ရည်အတု” နည်းပညာလို့လည်း ခေါ်ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာပဲ AI သုတေသနဟာ အဆင့်အဆင့် ဖွံ့ဖြိုးပြီး ပြင်ပလုပ်ငန်း နယ်ပယ်၊ အထူးသဖြင့် စီးပွားရေးမှာ အရှိန်အဟုန်နဲ့ နေရာယူလာခဲ့ပါတယ်။ ပထမတော့ လူ့လုပ်အားနေရာမှ အစားထိုးသုံးလို့ ရနိုင်မယ့် စက်ရုပ် (ရိုဘော့) တွေက စတာပါ။ နောက် အဲဒီရိုဘော့တွေထဲမှာ လူ့အပြုအမူဖြစ်စဉ်တွေကို ပရိုဂရမ် သွင်းကြည့်လာတယ်။ နောက်တစ်ဆင့်ရောက်တော့ လူ့စိတ်ကူးဖြစ်စဉ်ကိုပါ ထည့်ကြည့်လာကြတယ်။ ဒီလိုနဲ့ စက်ရုပ်နဲ့မတူတဲ့ စက်ရုပ် Mecha တွေ ဖြစ်လာပြီး သူတို့ရဲ့ အသိဉာဏ်ကို ဉာဏ်ရည် အတု (AI)လို့ ခေါ်တာဖြစ်ပါတယ်။
.
Silicon Valley မှာ ရှိတဲ့ ကုမ္ပဏီတွေဟာ ကနဦးမှာ AI နည်းပညာကို ဘတ်ဂျက်အင်အားနည်းနည်း နဲ့ သာ လုပ်ကိုင်နေကြပေမယ့် အခုနောက်ပိုင်းမှာတော့ မီးဖိုချောင်သုံးစက်ရုပ်တွေ၊ မော်တော်ကားလောကမှာ ရှေ့ထွက်လာတဲ့ Google Driverless Cars တွေ အပြီးမှာတော့ ရှိနေကြတဲ့ ဘတ်ဂျက်အင်အားတွေကို ထပ်မံပံ့ပိုးပြီး အင်အား တိုးတော့မှာ ဖြစ်ကြောင်း သတင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာတစ်လွှားက AI ပါရဂူများ၊ မာစတာ တွေကိုလည်း ကုမ္ပဏီတွေလည်း အလုအယက်ခေါ်ယူလျက်ရှိတယ် လို့ သိရပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment