♪ Android User တွေ Super Mario Run ဆော့ဖို့ pre-register လုပ်ထားနိုင်ပြီ ♫


Pokemon Go တုန်းကထက် ပိုမိုရေပန်းစားပြီး လူကြိုက်များလျက်ရှိနေတဲ့ Super Mario Run ကို မကြာခင်မှာ Android အတွက် ထုတ်လုပ်ပေးတော့မှာဖြစ်ပြီး ထွက်ရှိတာနဲ့ ချက်ချင်း ရယူနိုင်စေဖို့ Google Play Store ပေါ်မှာ pre-register ပြုလုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

App ရဲ့ App Store ပေါ်မှာ ဒီဇင်ဘာ (၁၅) ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပြီး (၂) ပတ်အတွင်းမှာတင် Download ပြုလုပ်သူ အရေအတွက် သန်း (၅ဝ) ကျော်ခဲ့တဲ့ Super Mario Run ကို အခုလို Android အတွက်ပါ ထပ်မံ ထုတ်လုပ်ပေးတော့မှာဖြစ်တဲ့အတွက် Nitendo ရဲ့ ဥက္ကဌဖြစ်သူ Kimishima ရဲ့ Target တစ်ခုဖြစ်တဲ့ Download ပြုလုပ်သူ သန်း(၁၀၀) ဆိုတဲ့ မိုင်တိုင်တစ်ခုကို သေချာပေါက်စိုက်ထူနိုင်တော့မှာ လည်း ဖြစ်ပါတယ်။

Android အတွက်ထွက်ရှိလာမယ့် Super Mario Run ဟာလည်း iOS Version နဲ့ ရုပ်ထွက်ရော ပုံစံပါ အတူတူဖြစ်ပြီး iOS version မှာလိုမျိုး အင်တာနက်ဖွင့်ကာ ဆော့ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် iOS Version လိုမျိုး  အခမဲ့ Download ရယူကာဆော့ကစားနိုင်ပေမယ့် Six Worlds ကို Unlock ပြုလုပ်ဖို့အတွက်တော့ ဝယ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။
https://play.google.com/store/apps/details?id=com.nintendo.zara



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment