♪ “Gionee က P7 ကိုရောင်းချ” ♫

Image may contain: phone and text

Gionee က P7 Max ကိုလွန်ခဲ့တဲ့ လအနည်းငယ်ကရောင်းချခဲ့ပါတယ်။ အခု တစ်ခါ P7 အမည်ရစမတ်ဖုန်းကို အိန္ဒိယမှာရောင်းချပေးလိုက်ပါတယ်။ အိန္ဒိယ ရူပီး ၉၉၉၉ (ဒေါ်လာ ၁၅၀ ၀န်းကျင်) တန်ကြေးရှိပြီး အွန်လိုင်းသာမက မြေပြင်အရောင်းဆိုင်များမှာပါ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဖြူ၊ ရွှေ၊ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။

P7 မှာ Android Marshmallow အခြေပြု Amigo 3.2 မောင်းနှင်မှာပါ။ Dual-SIM Phone ဖြစ်ပြီး ၅ လက်မ HD Display တပ် ဆင်ထားပါတယ်။ 1.3GHz Quad-Core Processor , 2GB RAM ပါရှိပါတယ်။ 16GB Internal Storage တပ်ဆင်ထားတဲ့ အပြင် 128GB အထိ ၀င်ဆန့်တဲ့ microSD Card ကိုအသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera ကို LED Flash နဲ့ တွဲဖက် တပ်ဆင်ထားပါတယ်။

အရှေ့ဘက်မှာ Selfie နဲ့ Video Chat အတွက် 5 Megapixel Camera တပ်ဆင်ထားပါတယ်။ 2300mAh Battery တပ်ဆင်ထားပြီး Standby ထားရှိ လျှင် ၂၅၉ နာရီအသုံးခံပါတယ်။ 3.5mm Audio Jack, FM Radio, 4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.0, GPS ပါပါတယ်။

လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာတော့ မပါပါဘူး။ P7 ဟာ P7 Max ရဲ့ အရွယ်သေး မော်ဒယ် ဖြစ်ပြီး Specifications များနိမ့်ကျပါတယ်။ P7 Max မှာ ၅.၅ လက်မ HD Display, 3GB RAM, 32GB Storage, 13MP Rear Camera, 5MP Front Camera ပါရှိပြီးဒေါ်လာ ၂၀၀ ၀န်းကျင်ဖြင့် ရောင်းချပေးနေပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment