♪ Telenor ၏ နံပါတ်အလှ လေလံပွဲပြုလုပ်မည် ♫


စတုတ္ထအကြိမ်မြောက် အထူးဖုန်းနံပါတ်လေလံပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း Telenor မှ သိရသည်။

အဆိုပါလေလံပွဲတွင် (၀)၉၇၆ ဖြင့် စသည့် ဖုန်းနံပါတ်များ၊ (၀)၉၇၆ ၆၆၆ ၆၆၆၆၊ (၀)၉၇၆ ၉၉၉ ၉၉၉၉၊ (၀)၉၇၆ ၅၅၅ ၅၅၅၅ စသည့် အထူးနံပါတ်များ ပါဝင်မည်ဖြစ်ပြီး အလားတူ အခြားကိန်းဂဏန်းအစဉ်များ ပါဝင်သည့် နံပါတ်များကိုလည်း ထည့်သွင်းထားကြောင်း၊ လေလံကြမ်းခင်းဈေးကို ဂဏန်း ၇ လုံး၊ ၈ လုံးတူ အပူးနံပါတ်များအတွက် ကျပ်ငွေ သိန်း ၅၀ နှင့် အခြားနံပါတ်များမှာ ကျပ်ငွေ သိန်း ၃၀ ဟု သတ်မှတ်ထားကြောင်းသိရသည်။

ယင်းအစီအစဉ်ကို ဥပဒေအကြံပေးကုမ္ပဏီ MN Associates မှ ကြီးကြပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ယင်းလေလံပွဲမှ ရရှိသော အကျိုးအမြတ်များကို သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။



Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment