♪ Huawei ရဲ့ GR5 2017 မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့ ♫


Huawei က တန်ဖိုးအသင့်ဆုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်း (Best Value Dual Camera Smartphone) GR5 2017 ကို မီဒီယာများထံ ထပ်မံမိတ်ဆက်ပွဲကို ဒီဇင်ဘာ(၂၀) ရက်နေ့က L’Opera စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မီဒီယာများ စုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါပွဲမှာ Huawei ရဲ့ Marketing Director (South-East Asia Marketing Dept of Huawei Consumer Business Group) ဖြစ်သူ Ms. Eva Xu မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး (၂၀၁၆) ခုနှစ်ဟာ ကင်မရာနှစ်လုံးပါ စမတ်ဖုန်းတွေရဲ့ နှစ် တစ်နှစ်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ကမ္ဘာကျော် ကင်မရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Leica နဲ့ ပူးပေါင်းပြီးထုတ်လုပ်ခဲ့တဲ့ P9 ဟာ Dual camera ပါဝင်တဲ့အတွက် စမတ်ဖုန်း ဓာတ်ပုံပညာကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတကာမှာအောင်မြင်မှုရရှိခဲ့ကြောင်း အစချီကာ ထပ်မံ ထုတ်လုပ်လိုက်တဲ့ Dual Camera ပါဝင်တဲ့ GR5 2017 ရဲ့ ကင်မရာ အားသားချက်တွေနဲ့ အခြား Specification အသေးစိတ်ကိုလည်း Presentation နဲ့တကွ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Huawei အနေနဲ့ MPT နဲ့ ပူးပေါင်းကာ လာမယ့် ဇန်နဝါရီ လဆန်းမှာ GR5 2017 (MPT Editon) ကိုထုတ်လုပ်မှာ ဖြစ်ပြီး MPT Edition ကိုဝယ်ယူသူတွေဟာ လက်ဆောင်ပစ္စည်းတွေနဲ့အတူ MPT ဆင်းကတ်နဲ့ အင်တာနက် 24GB ကိုလည်း ရရှိမှာဖြစ်ပါတယ်။

MPT Editon မှာတော့ 3G/4G slot မှာ MPT ဆင်းကတ်ကိုသာအသုံးပြုလို့ရမှာဖြစ်တယ်လို့ လည်းသိရပါတယ်။




Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment