♪ Samsung Galaxy S8 တွင် ‘Beast Mode’ feature ပါဝင်လာဖွယ်ရှိ ♫


Samsung သည် “Beast Mode” ကို ဥရောပသမဂ္ဂတွင် မှတ်ပုံတင်ခဲ့ပြီးနောက် တောင်ကိုရီးယား ဖုန်းကုမ္ပဏီအနေဖြင့် အဆိုပါ feature ကို Galaxy S8 တွင် ထည့်သွင်းရန် စီစဉ်နေကြောင်း ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။

Galaxy S8 ၏ အချက်အလက်များကို Samsung က ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အဆိုပါဟန်းဆက်တွင် Qualcomm ၏ စွမ်းဆောင်ရည် အမြင့်ဆုံး ပရိုဆက်ဆာဖြစ်သည့် Snapdragon 835 သို့မဟုတ် ကုမ္ပဏီ၏ Exynos ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိကြောင်း ကောလာဟလ သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ chipset နှစ်မျိုးစလုံးသည် 10nm လုပ်ငန်းစဉ်ကို အသုံးပြုကာ တည်ဆောက်ထားပြီး လာမည့်နှစ်တွင်ထွက်ရှိမည့် iPhone 8 တွင် Apple က အသုံးပြုမည်ဟုယူဆရသော နည်းပညာနှင့် တူညီသည်။

Qualcomm သည် Snapdragon 835 ဖွံ့ဖြိုးတိုးတက်မှုအတွက် Samsung နှင့်အတူတကွ လုပ်ဆောင်နေသောကြောင့် Galaxy S8 က အဆိုပါချစ်ပ်၏ အကျိုးကျေးဇူးများကို ရရှိနိုင်မည့် တစ်ခုတည်းသော စမတ်ဖုန်းဖြစ်ကြောင်း Inquisitr မှ ဖော်ပြခဲ့သည်။

Samsung သည် Beast Mode feature ကို ယခုလအစောပိုင်းက ဥရောပသမဂ္ဂတွင် မှတ်ပုံတင်ခဲ့သည်။ မှတ်ပုံတင်လျှောက်ထားရာတွင် Beast Mode သည် စမတ်ဖုန်း၊ မိုဘိုင်းဖုန်း၊ application software နှင့် ၎င်း၏ ကွန်ပျူတာများအားလုံး အပါအဝင် Samsung ထုတ်ကုန်အားလုံး အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

Beast Mode ၏ လုပ်ဆောင်ချက်ကို တရားဝင် ရှင်းပြထားခြင်း မရှိသော်လည်း Galaxy S8 တွင် Beast Mode ကို အသုံးပြုသည့်အခါ ပရိုဆက်ဆာက အမြင့်ဆုံးစွမ်းရည်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း Android Headline မှ ပြောကြားခဲ့သည်။

Galaxy S8 ပေါ်တွင် Beast Mode ကို အသုံးပြုသည့်အခါ power-saving feature များ ပိတ်သွားမည်ဖြစ်သည်။ သုံးစွဲသူများသည် Snapdragon 835 သို့မဟုတ် Exynos processor သစ်ကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ရှည်ကြာသည့် ဘက်ထရီ သက်တမ်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အကယ်၍ Samsung ၏ Beast Mode ကို အထက်ပါအတိုင်း အသုံးပြုနိုင်ခဲ့ပါက Galaxy S8 မှာ iPhone 8 ထက် စွမ်းဆောင်ရည် ပိုမိုသာလွန်ဖွယ်ရှိသည်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment