♪ Samsung Galaxy S7 Edge Blue Edition ရဲ့အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU, Memory, Camera အစရှိသော Hardware ပိုင်းတွေမှာ မြင့်မားကောင်းမွန် ပါတယ်။ Screen အရည်အသွေး ပိုင်းမှာလည်း မြင့်မားကောင်းမွန်ပြီး ရှေ့ကင်မရာမှာ Screen Flash စနစ် ပါဝင်တဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာလည်း Selfie ကောင်းကောင်း ရိုက်နိုင်ပါလိမ့်မယ်။ Microsoft Office App များ ပါဝင်သည့်အတွက် အိတ်ဆောင် ကွန်ပျူတာ တစ်လုံးလို သုံးနိုင်မှာဖြစ်ပြီး ရေစိုခံ အကြမ်းခံ ဖုန်းမျိုးပါ။ Screen Resolution နဲ့ အရည်အသွေး ကလည်း တော်တော်လေးကို မြင့်မားပါတယ်။
အားနည်းချက်
Dual Sim ဖုန်းဖြစ်ပေမယ့် Sim Card တစ်နေရာမှာ SD Card နဲ့တွဲထားတာကြောင့် Sim Card နှစ်ခု အသုံးပြုမယ်ဆိုရင် SD Card ကိုအသုံးလို့ မရနိုင်ပါဘူး။ Sim Card Adapter ကလည်း ပလတ်စတစ် ဖြစ်တာကြောင့် အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းကိုလည်း ဂရုစိုက်ရပါလိမ့်မယ်။
ဒီဇိုင်း
ပုံစံဒီဇိုင်းလှပတဲ့ ဖုန်းဖြစ်ပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးကိုလည်း သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့အပြင် နောက်ဘက်ကာ ဗာမှာလည်း Gorilla Glass 4 နဲ့ဖုံးထားတာကြောင့် အလွယ်တကူ ပွန်းရှခြင်းတွေကနေ အတန်အသင့် ကာကွယ်ပေးထား နိုင်ပါလိမ့်မယ်။ ရှေ့ကထွက်ခဲ့တဲ့ S7 Edge နဲ့ ပုံစံချင်း ဆင်တူပြီး အရောင်ကိုပဲ အဓိကထား ထုတ်လုပ်ခဲ့တဲ့ဖုန်းပါ။ ဖုန်းတစ်ခုလုံး ၏အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၀၉ စင်တီမီတာ၊ ဘေး တိုက်အကျယ် ၇.၂၆ စင်တီမီတာ၊ ထုထည် ၀.၇၇ စင်တီမီတာဖြစ်ပြီး အလေးချိန်က ၁၅၇ ဂရမ်ရှိပါတယ်။ ရှေ့မြင်ကွင်း Screen က မှန်ဘေးအနား နှစ်ဘက်ခုံးထားတဲ့ Edge Screen ဖြစ်တာကြောင့် Screen တွေဟာ ဖုန်းရဲ့ဘေးဘောင်ပေါ်ထိ ကွေးညွှတ်နေပြီး ဘေးဘောင် မပါဝင်တဲ့ Screen အပြည့်မြင်ကွင်း ပုံစံမျိုးတွေ့ရမှာပါ။ ကိုင်တွယ် အသုံးပြုချိန်မှာလည်း ပေါ့ပါးခြင်းနဲ့ ပါးလွှာခြင်းကို ခံစားနိုင်ပါတယ်။
မြင်ကွင်း
၅.၅ လက်မရှိတဲ့ Super AMOLED Screen ဖြစ်ပြီး Screen Resolution ကတော့ 1440 x 2560 Pixels (~534 ppi pixel density) ထိရှိမှာပါ။
နည်းပညာ
Gesture စနစ်တွေ များစွာ ပါဝင်တဲ့အပြင် ဖုန်းအချက်အလက် လုံခြုံရေးအတွက် Finger Print စနစ်နဲ့ Privacy & Safety စနစ်တွေကိုလည်း အသုံးပြုနိုင်ပါလိမ့်မယ်။ Selfie စနစ်မှာတော့ သာမာန် Selfie စနစ်နဲ့ Wide Selfie စနစ်ကိုခွဲခြား အသုံးပြုနိုင်မှာဖြစ်ပြီး ရှေ့ကင်မရာမှာ HDR စနစ်ပါဝင်လာပါတယ်။ နောက်ဘက် ကင်မရာမှာလည်း ကင်မရာအသုံးပြု စနစ်တွေကို စုံစုံလင်လင် တွေ့ရမှာပါ။ Microsoft Word, Excel, PowerPoint စနစ်တွေ ပါဝင်တဲ့အတွက် အိတ်ဆောင် ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်တဲ့အပြင် Samsung ရဲ့ ကျန်းမာရေး ၀န်ဆောင်မှု App တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Screen အရည်အသွေး ကောင်းမွန်တာကြောင့် ကြည်လင်တဲ့ရုပ်ထွက် မြင်ကွင်းကို ခံစားနိုင်မဲ့အပြင် IP68 Certified ရရှိထားတဲ့ ရေစိမ်ခံ ဖုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါ S7 Edge ဟာ ဖုန်းတွင်းအသုံးပြုထားတဲ့ Hardware ပိုင်း၊ Sensor ပိုင်း၊ မှတ်ဉာဏ်ပိုင်းနဲ့ ကင်မရာပိုင်းတွေမှာ ကောင်းမွန်တဲ့ တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ Screen အရည်အသွေး မြင့်မားတဲ့အပြင် ယခင် Samsung ဖုန်းတွေနဲ့မတူပဲ English နှင့် Zawgyi ဖောင့်နှစ်မျိုးတွဲ ဖက်အသုံးပြု နိုင်ပါတယ်။ ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ App ၀န်ဆောင်မှုတွေနဲ့ Gesture စနစ်တွေအပြင် အခြား ကောင်းမွန်တဲ့ စနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာပါ။ အားသွင်းနှုန်းမြန်ဆန်တဲ့ First Charging နည်းပညာကလည်း ပါဝါအသုံးပြုခြင်းအတွက် ထောက်ကူပေးပါတယ်။

Network      GSM - 2G/ 3G/ 4G
SIM             Single SIM (Nano Sim Dual Standby)
OS              Android OS, v6.0.1
CPU            Octa-core (4x2.3 GHz Mongoose & 4x1.6 GHz Cortex-A53)
GPU            Adreno 530
Memory       Internal 32GB, 4GB RAM, Micro SD 256GB
Camera       12 MP, f/1.7, 26mm, phase detection autofocus, OIS, LED flash, 1/2.5" sensor size,
                    1.4 µm pixel size, geo-tagging, simultaneous 4K video and 9MP image recording, touch 
                    focus, face/smile detection, Auto HDR, panorama, dual-video rec., Front 5 MP, 1/4.1" sensor size, 1.34 µm pixel size, f/1.7, 22mm
Wi-Fi            Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot
Bluetooth     v4.2, A2DP, LE, aptX
Battery         Li-Ion 3600 mAh Battery

သူတို့အမြင်
D Mobile (YGN)
S7 Edge ကတော့ လက်ရှိ Highend ဖုန်းတွေထဲမှာ နေရာတစ်ခုရှိနေတဲ့ ဖုန်းလို့ပဲ ပြောရမယ်။ ပြီးတော့ လက်ရှိအချိန်မှာ Android OS ကိုပဲ တန်ဖိုးမြင့် ဖုန်းသုံးချင်တယ်ဆိုရင် ရွေးချယ်စရာက သိပ်များများမရှိဘူးလေ။ အဲဒီတော့ တန်ဖိုးမြင့်သုံးချင်တဲ့ သူတွေအတွက် ဆိုရင်တော့ ဒီဖုန်းက ရွေးချယ်လို့ကောင်းတဲ့ ဖုန်းတစ်ခုလို့ပဲ ပြောရမယ်။ ဖုန်းရဲ့ Screen Resolution ကလည်း အရမ်းကိုကောင်း လွန်းနေတယ်။ ဖုန်းထဲမှာ တစ်ခြားသုံးနိုင်တဲ့ စနစ်တွေကလည်း တော်တော်လေး စုံတယ်။ ကင်မရာပိုင်းလည်း ကောင်းတယ်။ တစ်ခြား CPU, GPU တွေ၊ Hardware ပိုင်းတွေမှာလည်း တော်တော်လေး ကောင်းပါတယ်။ Screen ဘေးနှစ်ဘက်ကွေးထားတဲ့ Edge Screen ကလည်းသူ့မှာပဲ ရှိတာဆိုတော့ ဒါကလည်းကောင်းတဲ့ အချက်တစ်ခုလိုပါပဲ။
ကိုထွန်းမြင့် (စမ်းသပ်အသုံးပြုသူ)
Samsung ဆိုရင်တော့ ကျွန်တော်က နဂိုကတည်းက ကြိုက်လို့လား မသိဘူး S7 Edge ကိုတော့ အကြိုက်ဆုံးပဲ လို့ ပြောရမယ်။ သုံးရတာ လွယ်တယ်လို့လည်း ခံစားရတယ်လေ။ ပြီးတော့ Screen အရမ်းကြိုက်တယ်။ Screen Resolution က မြင်ကွင်းကျယ်တဲ့ Tablet တွေမှာလောက်ပဲ တွေ့ရတဲ့ Screen Resolution မျိုးဖြစ်နေ ပြီး သူ့ရဲ့ Screen က ပုံမှန် အရွယ်အစား ဖြစ်တဲ့အတွက် Screen ကတော့ အရမ်းကို ကောင်းနေတယ်လို့ ခံစားရတယ်။ ကင်မရာပိုင်းကိုလည်း အရမ်းကြိုက်ပါတယ်။ ဖုန်းထဲမှာ သုံးလို့ ရတဲ့ Feature တွေ၊ Function တွေကလည်း အရမ်းများနေတော့ ဘာကိုကြိုက်တယ်လို့ ပြောဖို့နည်းနည်းတော့ ခက်တယ်။ Memory ပိုင်းမှာ 32GB မဟုတ်ပဲ 64GB လောက်နဲ့ဆို ဒီထပ်ပိုကောင်းနိုင်မယ်လို့ ထင်တယ်။
ကိုစည်သူမောင် (စမ်းသပ်အသုံးပြုသူ)
S7 Edge ကိုတော့ Screen ပိုင်းမှာ အရမ်းကြိုက်တယ်။ Samsung ရဲ့ Super AMOLED Screen တွေက နဂိုပုံမှန် Resolution တွေမှာတောင် ကြည်လင်နေတာ။ ခု S7 Edge က Screen Resolution ပိုင်းကို အမြင့်ကြီး လုပ်ထားတော့ ရုပ်ထွက်ကတော့ အရမ်းမိုက်တယ်။ ပြီးတော့ ဖုန်းထဲမှာ သုံးနိုင်တဲ့ စနစ်တွေက လည်း တော်တော်လေး စုံတယ်ဗျ။ ကျွန်တော် ဖုန်းကို စမ်းသုံးကြည့် နေရင်းနဲ့တောင် သုံးလို့ရတဲ့ Function တွေက တော်တော်များသလို ခံစားရတယ်။ ပေးရတဲ့ဈေးနဲ့ ဖုန်းရဲ့ သုံးနိုင်တဲ့ နှုန်းကတော့ မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။ Memory ပိုင်းမှာ ဒီထပ် ပိုမြင့်မယ်ဆိုရင် လက်ရှိထပ် ပိုကောင်းသွားနိုင်တယ်။
Samsung ရဲ့ ဝန်ဆောင်မှု App တွေနဲ့ Microsoft Apps စနစ်တွေကို အသုံးပြုနိုင်ပါတယ်။
  
ကင်မရာပိုင်းမှာ ဆိုရင်လည်း ဗီဒီယိုတွေကို ရိုက်ကူးနေရင်းနဲ့ တိုက်ရိုက်လွှင့်နိုင်မယ့် Live broadcast,  Video Collage, Virtual shot, Hyperlapse အစရှိတဲ့ ထူးခြားတဲ့ စနစ်တွေအပါဝင် အခြားကင်မရာ စနစ်ပေါင်းများစွာကို အသုံးပြုနိုင်ပါလိမ့်မယ်။
  
ရှေ့ကင်မရာမှာလည်း စုံလင်တဲ့ဓာတ်ပုံ အသုံးပြု စနစ်တွေကို ထိတွေ့နိုင်ပါလိမ့်မယ်။
  
ကင်မရာရဲ့ Setting ထဲမှာလည်း အသုံးပြုနိုင်မယ့် စနစ်များစွာ ပါဝင်နေပါ သေးတယ်။
  
Advance Feature ဆိုတဲ့ စနစ်ထဲမှာတော့ Game နဲ့ ပတ်သက်တဲ့ စနစ်တွေနဲ့ အခြား Gesture & Motion စနစ်အသုံးပြု စနစ်တွေကို မြင်တွေ့ရမှာပါ။
  
Lock Screen & Security ဆိုတဲ့ စနစ်ထဲမှာလည်း ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက် အသုံးပြုနိုင်မယ့် Fingerprint စနစ်အပါအဝင် အခြားအသုံးပြုနိုင်မယ့် Security စနစ်တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။
  
Samsung Cloud ဆိုတဲ့ ပါဝင်လာပြီး ဒီစနစ်ထဲမှာတော့ Contacts, Calendar, Memo, Gallery တို့အပါအ၀င် Cloud ပေါ်မှာ သိမ်းဆည်း အသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
  
  
  

SIM Slot
AddThis Sharing Buttons



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment