♪ အပြာမယ်တွေရဲ့ရှိုးကို hologram ပုံစံနဲ့ ကြည့်လို့ရတော့မယ့် Holo-Cam ♫


လေ့လာချက်တွေအရ အမေရိကမှာ အပြာလောက ဘယ်လောက်ကြီးမားလဲဆိုတာကို သေချာ မပြောနိုင်သေးပေမယ့်လည်း သေချာတာတစ်ခုကတော့ ကျယ်ပြန့်လာနေပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ လူတိုင်းက လိင်ကိစ္စနဲ့ပတ်သတ်ပြီး အချိန်တစ်ခုလိုချင်ကြတယ် ဟုတ်တယ်ဟုတ်။ အကောင်းဆုံးကတော့ အဲဒီလုပ်ငန်းတွေကနေပြီး နည်းပညာအသစ်တွေကို အသုံးပြုပြီး ရှေ့ဆက်လုပ်ဆောင်နေကြပါတယ်။ ဒါဟာ ခေတ်တစ်ခေတ်ကို ကူးပြောင်းတော့မယ့်အချိန်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ hologram porn ကို CamSoda က ပြသခဲ့ပါတယ်။ သူတို့ကတော့ Holo-Cam လို့ နာမည်ပေးထားပါတယ်။

တိတိကျကျပြောရမယ်ဆိုရင်တော့ CamSoda ဟာ holographic live cam နဲ့ ပတ်သတ်ပြီး မိတ်ဆက်ပေးချင်တာလည်း ဖြစ်ပါတယ်။ ပြောချင်တာကတော့ သင့်အနေနဲ့ ကိုယ်ပိုင် 3D ရှိုးတစ်ခုကို ကြည့်နိုင်တော့မှာလည်း ဖြစ်ပါတယ် (အဲဒီ မိန်းကလေး CamSoda house ထဲမှာ ရှိနေတဲ့အချိန်တစ်ခုထိ )။ ဒါကြောင့် ကုန်ကျစရိတ်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ပထမတစ်လကိုတော့ အခမဲ့အနေနဲ့ အပတ်စဉ်ရှိုးတွေကို ပြသပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာနဲ့ အသုံးပြုနိုင်တဲ့  hologram pyramid display တော့ လိုအပ်ပါတယ်။ အဲဒါတွေကလည်း အွန်လိုင်းကနေပြီးတော့ ဈေးသက်သာစွာနဲ့ ၀ယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရှာဖွေရခက်မယ် မထင်ပါဘူး။

“ကျွန်တော်တို့ဟာ ကင်မရာထဲက မိန်းကလေးနဲ့ အပြန်အလှန်ဆက်သွယ်တဲ့အခါမှာ အရင်တုန်းက မရခဲ့ဖူးတဲ့ ခံစားချက်မျိုးကို သုံးစွဲသူတွေထံ ယူဆောင်လာပေးဖို့ Holo-Cam ကို မိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။ အခုဆိုရင် သုံးစွဲသူတွေဟာ ကင်မရာထဲက မော်ဒယ်လ်ကို ရုပ်ကြွပုံစံနဲ့ ဆက်သွယ်နိုင်နေပြီဖြစ်ပါတယ်။ လိုအပ်တာကတော့ ဖုန်း၊ တက်ဘလက်လေးပါပဲ။

အခုလိုလုပ်ဆောင်မှုဟာ ကျွန်တော်တို့တင်သာမကဘဲ လုပ်ငန်းအတွက်ပါ မှတ်တိုင်ကြီးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၀န်ဆောင်ခအတွက် စိတ်လှုပ်ရှားနေမိပါတယ်။ Holo-Cam ရှိုးကိုတော့ CamSoda ကနေတစ်ဆင့် fan တွေဆီ ချပြပေးသွားမှာပါ။” လို့ CamSoda ရဲ့ ဥက္ကဌ Daron Lundeen က ပြောကြားခဲ့ပါတယ်။

CamSoda ဟာ အဲဒီနည်းပညာကို AVN Adult Entertainment Expo မှာ ပြသမှာလည်း ဖြစ်ပါတယ်။ အဲဒီပွဲကို ကျင်းပမယ့်နေရာကတော့ Vegas မှာဖြစ်ပြီး ဇန်န၀ါရီ ၁၈ကနေ ၂၁ရက်နေ့အထိ ဖြစ်ပါတယ်။ ကျော်ကြားတဲ့ အပြာမယ်တွေဖြစ်တဲ့ Gianna Michaels ၊ Tori Black ၊ Teagan Presley ၊ Brandi Love နဲ့ အခြားသူတွေရဲ့ လှုပ်ရှားမှုတွေပါဝင်တဲ့ demo hologram လည်း ပါဝင်ပါလိမ့်မယ်။




သင်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ။ ကျွန်တော်တို့ အပြစ်မတင်ပါဘူး။ သင့်ရဲ့ အမြင်လေးကိုတော့ မျှဝေပေးစေချင်ပါတယ်။


Aung Phyo Oo (Myanmar Mobile App)



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment