♪ Asus က စိမ်းပြာရောင် ZenFone 3 ကို ရောင်းပြီ ♫


Asus က ZenFone 3 မော်ဒယ် အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ စိမ်းပြာရောင် မော်ဒယ်ဖြစ်ပြီး ယခင် ZenFone Series များနဲ့ ဒီဇိုင်းတူညီပါတယ်။ Asus ZenFone 3 Model အသစ်မှာ မှာ ၅.၂ လက်မ Full HD Super IPS Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို အကြမ်းခံတဲ့ Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။

ZenFone 3 မှာ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM နဲ့ 4GB RAM Model ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ 32GB နဲ့ 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။

အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ 2600mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ Asus ZenFone 3 ကို ယခင်က ရွှေ၊ အဖြူနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပြီး ယခုမှသာ စိမ်းပြာရောင်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ZenFone 3 Model များစွာ ရှိပေမယ့် စိမ်းပြာရောင်ဟာ စံမော်ဒယ် ဖြစ်လာနိုင်ပါတယ်။


Credit to ==> Digital Times
 


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment