♪ ဖုန်း ၁၀ လုံးကို တစ်ပြိုင်နက် အားသွင်းပေးမယ့် Charging Station ♫


ဒီနေ့ခေတ်မှာ စမတ်ဖုန်း ၊ လက်တော့ ၊ တက်ဘလက် စတဲ့ Device များစွာကို အသုံးပြုနေကြတဲ့အတွက် အားသွင်းတဲ့ Port များ မလုံလောက်တဲ့ ပြဿနာ ဖြစ်လာပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းပေးဖို့ Kinkoo 10-Port USB Charging Station ကို ဖန်တီးပေးလိုက်ပါတယ်။

USB Ports ၁၀ ခု တပ်ဆင်ထားပြီး Device ၁၀ လုံးကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ ဈေးနှုန်းမှာ ၄၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။ သူ့မှာ လျှင်မြန်စွာ အားသွင်းပေးနိုင်တဲ့ နည်းပညာ ပါရှိပါတယ်။ USB ကြိုး အသုံးပြုပြီး အားသွင်းရတဲ့ Device အားလုံးကို ထောက်ပံ့ပေးပါတယ်။ Quick Smart နည်းပညာက ချိတ်ဆက်ထားတဲ့ Device ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အမြန်ဆုံးနဲ့ စိတ်အချရဆုံး ဖြစ်အောင် အားသွင်းရမယ့် အမြန်နှုန်းကို တွက်ချက်နိုင်ပါတယ်။

60W စွမ်းအားရှိတဲ့အတွက် Apple Device , Android Smartphone, Tablets များအပြင် E-Reader များ၊ စမတ်နာရီများ၊ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ လက်ပတ်များ၊ ဘလူးတု နားကြပ်များ၊ စပီကာများ အားလုံးကို အားသွင်းပေးနိုင်ပါတယ်။



Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment