♪ “Lenovo Yoga Tab 3 8.0” ♫

Image may contain: 1 person, standing, shoes and text

နည်းပညာပစ္စည်းများစွာ ထွက်ရှိနေပေမယ့် သုံးစွဲသူများဟာ တစ်ဦးနှင့်တစ်ဦး အကြိုက်ချင်းမတူကြပါဘူး။ အချို့သော သူများက အရွယ်အစားသေးငယ် သော ဟန်းဆက်များကို ကြိုက်နှစ်သက်ကြပြီး အချို့သူများကတော့ အရွယ် အစားကြီးမားသည့် ဖုန်းများကိုသာ ရွေးချယ်ဝယ်ယူကြပါတယ်။ အလယ် အလတ် အဆင့်အရွယ်အစားရှိသော ဟန်းဆက်များကို ကြိုက်နှစ်သက်သူ များလည်း ရှိပါတယ်။ သက်ဆိုင်ရာဖုန်းကုမ္ပဏီများဟာ သုံးစွဲသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ဟန်းဆက်များစွာကို ထုတ်လုပ် ပေးကြပါတယ်။

အချို့သောသုံးစွဲသူများကတော့ Tablet များကို ကြိုက်နှစ်သက်ကြပါတယ်။ Tablet များထဲမှာမှ အရွယ်အစား သေးသည့် Tablet ကို ကြိုက်နှစ်သက်သူ ရှိသလို အရွယ်အစားကြီးသော Tablet ကို ရွေးချယ်သူများရှိပါတယ်။ သုံးစွဲသူအချို့ဟာ ဖုန်းနှင့် Tablet နှစ်မျိုးစလုံးကို ကိုင်ဆောင်အသုံးပြုကြ ပါတယ်။ ဟန်းဆက်ကို စကားပြောဆိုဖို့နှင့် အင်တာနက်သုံးစွဲရန် (အရေးပေါ် အခြေအနေ သို့မဟုတ် အပျင်းပြေ) အတွက်သာ အသုံးပြုကြပြီး Tablet ကို တော့ အင်တာနက်ကြာရှည် သုံးစွဲရန်နှင့် အခြားသောလုပ်ငန်းကိစ္စများ အတွက် အသုံးချကြပါတယ်။ ပြည်တွင်းဈေးကွက်ထဲတွင် Tablet ထုတ်လုပ် သော အမှတ်တံဆိပ် အများအပြားမရှိပါဘူး။ နာမည်ကျော်တံဆိပ်ဖြစ်သော Samsung နှင့် Lenovo ကတော့ Tablet အမျိုးအစားများစွာကို ထုတ်လုပ် ရောင်းချပေးထားပါတယ်။

Lenovo ဟာ Yoga Tab-3 အမျိုးအစားများကို ထုတ်လုပ်ပေးထားပြီး မျက်နှာပြင်အရွယ်အစားအား ဖြင့် ၈ လက်မနှင့် ၁၀. ၁ လက်မ ဆိုပြီး ကွဲပြား ပါတယ်။ ၂၀၁၆၊ ဒီဇင်ဘာလတွင် ထုတ်လုပ်ပေးထားသည့် Tab-3 Plus ဟာ 10.1 inches ရှိပြီး 13MP နှင့် 5MP စွမ်းရည်ရှိသော ကင်မရာနှစ်မျိုးနှစ်စား ပါရှိပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ ကတော့ Li-Ion 9300 mAh စွမ်းရည်ရှိပါတယ်။ Tab-3 10 ဟာ RAM 2 GB, ROM 32 GB နှင့် RAM 3 GB, ROM 64 GB ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ကင်မရာနှစ်မျိုးနှစ်စားလည်း တပ်ဆင်ပေးထားပါတယ်။ အဓိက ကင်မရာက 8MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။

Tab-3 10 ရဲ့ CPU အမျိုးအစားကတော့ Quad Core 1.3 GHz ဖြစ်ပြီး Chipset မှာတော့ Mediatek ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 7000 mAh ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် အတွင်း ၀ယ်ယူနိုင်သော Tab-3 8.0 ဟာ 209.8 × 145.8 × 7mm အရွယ်အစားရှိပြီး အလေးချိန်ကတော့ 467.2 g ဖြစ်ပါတယ်။ အချို့သော Tablet များဟာ SIM ကတ်ထည့်သွင်း အသုံးပြုနိုင်ခြင်းမရှိဘဲ Wi-Fi ကိုသာ သုံးစွဲနိုင်ပါတယ်။ Tab-3 8.0 ကတော့ SIM ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် ဆက်သွယ်ပြောဆိုဖို့အတွက် အဆင်ပြေစေပါတယ်။ Dual SIM အမျိုးအစားဖြစ်ခြင်းကြောင့်လည်း သုံးစွဲသူအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

Lenovo Yoga Tab-3 8.0 တွင် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ 8 inches မျက်နှာပြင်တွင် ပုံရိပ်ကောင်းများကို ကြည့်ရှုနိုင်စေဖို့ အတွက် မြင်ကွင်းစွမ်းရည်အပိုင်း၌ 800 × 1280 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 189 ppi ပါ။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက်လည်း အထောက်အကူပေးမယ့် Tab ဖြစ်ပါတယ်။ အဓိကကင်မရာဟာ 8MP စွမ်းရည်ရှိပါတယ်။ Rotating Lens အမျိုးအစားပါ။ အသံပိုင်းတွင် Dolby Atmos Audio Enhance- ment Audio စနစ် ပါရှိပါတယ်။ 3-Stage Kickstand လည်း ပါရှိပါတယ်။

ကိုင်ဆောင်၍လည်း အသုံးပြုနိုင်သလို စားပွဲတွင်လည်း တင်၍ အသုံးပြုနိုင်ခြင်းကြောင့် laptop တစ်လုံးသဖွယ် အထောက်အကူဖြစ်စေပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်း တွင်တော့ RAM ကို 2GB ထည့်သွင်းပေးထားပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏအနေဖြင့် 16GB ပါရှိအောင် ဆောင်ရွက်ပေး ထားပါတယ်။ အဆိုပါမှတ်ဥာဏ်ပမာဏဟာ အချက်အလက် အများအပြား သိမ်းဆည်းချင်သူများအတွက် နည်းပါးနိုင်ပါ တယ်။ ထို့ကြောင့် Cardslot စနစ်ကို သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးထားပါ တယ်။ Tab အသုံးပြုသည့်အခါတွင် လျင်မြန်သော တုံ့ပြန်မှုများကို ပေးစွမ်း နိုင်စေဖို့အတွက် CPU အပိုင်း၌ Quad Core 1.3 GHz Cortex A7 ကို ထည့်သွင်းပေးထားပါတယ်။

ပါရှိသော Chipset အမျိုးအစားကတော့ Qualcomm Snapdragon 210 ဖြစ်ပြီး GPU ကတော့ Adreno 304 ပါ။ သုံးစွဲနိုင်မယ့် OS အမျိုး အစားမှာ Android ဖြစ်ပြီး Version မှာ Lollipop ဖြစ်ပါတယ်။ Bluetooth Version ကတော့ 4.0 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 6200 mAh ဖြစ်ပါတယ်။ ထိုဘက်ထရီ ဟာ အသင့်အနေအထားတွင် နာရီ ၂၂၈၀ နီးပါးနှင့် စကားပြောဆိုဖို့ နာရီ ၂၀ နီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဈေးနှုန်းတန်ဖိုးမှာ ၂၈၉,၀၀၀ိ/- ကျပ် ၀န်းကျင်ရှိပါတယ်။









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment