♪ Lenovo က Zuk Edge ကို မိတ်ဆက် ♫


Lenovo က Zuk Edge ကို မိတ်ဆက်လိုက်ပါတယ်။ Samsung Galaxy S7 Edge လိုမျိုး Zuk Edge မှာ မျက်နှာပြင်ကွေး တစ်ခု ပါရှိပါတယ်။ Screen-to-Body Radio မှာ ၈၆.၄ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Zuk Edge မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ သူဟာ ရှောင်မီရဲ့ Mi Mix နဲ့တောင် ဆင်တူပါတယ်။ Qualcomm Snapdragon 821 Processor မောင်းနှင်မှာပါ။ 4GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 64GB Storage , 13MP Rear Camera, 8MP Front Camera , 3100mAh များ တပ်ဆင်ထားပါတယ်။

USB Type-C Port ပါတဲ့အတွက် အားသွင်းရာမှာ လျှင်မြန်ပါတယ်။ Android 7.0 Nougat ထည့်သွင်းထားပါတယ်။ microSD Card Slot တော့ မပါပါဘူး။ အဖြူရောင်နဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ 4GB RAM Model ကို ဒေါ်လာ ၃၃၀ နဲ့ 6GB RAM Model ကို ဒေါ်လာ ၃၆၀ ၀န်းကျင် တန်ကြေးရှိပါတယ်။ ဇန်န၀ါရီလ ၁ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment