LG က ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့်
Consumer Electronics Show မှာ ပြသမယ့် စမတ်ဖုန်း အသစ်များကို အရိပ်အမြွက်
ပြသလိုက်ပါတယ်။ အဲဒီ အထဲကတစ်ခုမှာ Stylo 3 ဖြစ်ပါတယ်။ သူ့ကို အမေရိကန်
ပြင်ပမှာ Stylus 3 လို့ ခေါ်ပါတယ်။
LG Stylo 3 ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး အရွယ်အစားကြီးမားပါတယ်။ Android 7.0 Nougat မောင်းနှင်မှာ ဖြစ်ပြီး အနည်းဆုံး အမေရိကန်ရဲ့ နာမည်ကြီး Carrier တစ်ခုကနေသာ ရောင်းချ မှာဖြစ်ပါတယ်။ သူ့ရဲ့ ယခင်မျိုးဆက် Stylo 2 လိုပဲ Stylo 3 မှာ ဒစ်ဂျစ်တယ် ဘောပင် ပါလာပါတယ်။ ဘောပင်အသစ်ဟာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး အချင်း ၁.၈ မီလီမီတာ ရှိပါတယ်။ ဘောပင် ထိပ်ဖျားရဲ့ တုန့်ပြန်မှုကို ပိုမိုကောင်းမွန်စေဖို့ ဖိုက်ဘာဖြင့် တည်ဆောက်ထားပါတယ်။
LG Stylo 3 မှာ ၅.၇ လက်မ HD Display တပ်ဆင်ထားပါတယ်။ 1.5GHz Octa-Core MediaTek MT6750 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM, 16GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 3200mAh Battery , Fingerprint Sensor များ ပါပါတယ်။

Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment