♪ တန်ဖိုးအသင့်ဆုံး ကင်မရာနှစ်လုံးပါစမတ်ဖုန်း (Best Value Dual Camera Smartphone) GR5 2017 ♫

Image may contain: phone and screen

၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၂၁) ရက် ၊ရန်ကုန်၊ မြန်မာ။ – ဒီနေ့ခေတ်က ကင်မရာနှစ်လုံးပါစမတ်ဖုန်းခေတ် (Dual Camera Era) လို့ ပြောရလောက်အောင် ကင်မရာနှစ်လုံးပါစမတ်ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်ကို ရောက်လာခဲ့ပါပြီ။ အဲ့ဒီအတွက်ကြောင့် Huawei က သုံးစွဲသူအားလုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်းတွေ အသုံးပြုနိုင်အောင်အတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ တန်ဖိုးအသင့်ဆုံး Best Value Dual Camera Smartphone ကို ဈေးကွက်ထဲကို ယူဆောင်လာပေးခဲ့ပါပြီ။

လူတိုင်း ကိုယ့်မျက်စိရှေ့မှာ တွေ့မြင်ရတဲ့ ပုံရိပ်လေးတွေကို မှတ်ဥာဏ်ထဲမှာသာမက ဓါတ်ပုံအဖြစ်ပါ မှတ်တမ်းတင်ထားချင်ကြမှာပါ။ အဲ့ဒီအခါ မျက်စိရှေ့မှာ မြင်တွေ့နေတဲ့အတိုင်း ဓါတ်ပုံမှာ ရရှိနိုင်ဖို့အတွက် ဖုန်းကင်မရာနဲ့ ရိုက်ကူးရတာ တော်တော်ခဲယဉ်းပါတယ်။ အခုနောက်ဆုံးပေါ်ဖုန်းတွေမှာတောင်မှ အပြင်မှာ လက်တွေ့မြင်နေရတဲ့အတိုင်း ပုံရိပ်ကြည်လင်ပြီး အရောင်တောက်တောက်ပပနဲ့ အနီးအဝေးဆုံချက်တွေကို မှန်မှန်ကန်ကန် ရယူဖို့ဆိုတာလဲ မဖြစ်နိုင်လောက်အောင် ခဲယဉ်းလှပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကိုယ်လိုချင်တဲ့ ပုံရိပ်ကို အပြင်မှာ အမှန်တကယ်မြင်တွေ့နေရသလို ရိုက်ကူးနိုင်တဲ့ ဖုန်းတစ်လုံး ထွက်ပေါ်လာပါပြီ။ အဲ့ဒါကတော့ Huawei က အသစ်ထုတ်လုပ်ထားတဲ့ Huawei GR5 2017 ပဲ ဖြစ်ပါတယ်။

ကင်မရာနှစ်လုံးပါရှိတဲ့ Huawei GR5 2017 က အပြင်လောကမှာ မြင်တွေ့နေရတဲ့ပုံရိပ်တွေကို အရောင်အသွေးမှန်ကန်စွာ၊ ကြည်လင်ပြတ်သားစွာနဲ့ ဆုံချက်ညီစွာ ဖမ်းယူဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ ကင်မရာနှစ်လုံးမှာ မူလကင်မရာတစ်လုံးက 12MP ပါဝင်ပြီး ဒုတိယကင်မရာက 2MP ပါဝင်ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ကင်မရာနှစ်လုံးရဲ့ လုပ်ဆောင်ပုံတွေကတော့ ကင်မရာနှစ်လုံးစလုံးက ပုံရိပ်တစ်ခုကို တစ်ပြိုင်နက်တည်း ရိုက်ကူးပြီး မူလကင်မရာက ပုံရိပ်အချက်အလက်ကို ဖမ်းယူပြီး ဒုတိယကင်မရာက depth of field လို့ခေါ်တဲ့ ပုံရိပ်ရဲ့ အတိမ်အနက်ကို တိုင်းတာဖမ်းယူလိုက်တာဖြစ်ပါတယ်။ အဲ့ဒီရဲ့ ရလဒ်အနေနဲ့က Bokeh Effect (ဘိုခေး အဖက်) လို့ခေါ်တဲ့ ကိုယ်လိုချင်တဲ့နေရာကို လက်နဲ့ထောက်လိုက်ပြီး ဓါတ်ပုံရိုက်လိုက်ရုံနဲ့ အဲ့ဒီနေရာလေးပဲ ထင်းပြီး ကျန်တဲ့နေရာတွေကို ဝါးသွားစေတဲ့ လုပ်ဆောင်ချက်ကို ရရှိစေပါတယ်။ တကယ်လို့ အဲ့ဒီပုံမှာပဲ ပထမထင်းထားတဲ့နေရာကို မထင်းချင်တော့ဘဲ တခြားနေရာကိုထင်းချင်တယ်ဆိုလဲ ပြန်ပြောင်းနိုင်ပါတယ်။

ဒါ့အပြင် Pixel size 1.25 um ရှိတဲ့အတွက်ကြောင့် ဓါတ်ပုံအရည်သွေးပိုမိုကောင်းမွန်တဲ့အပြင် အလင်းနည်းတဲ့ နေရာတွေမှာ ရိုက်ထားတဲ့ ပုံတွေကိုလဲ အလင်းပံ့ပိုးနိုင်စွမ်းတိုးမြှင့်ထားပါတယ်။ ကင်မရာနှစ်လုံးကိုလဲ မှန်ဘီလူး ၆ ထပ်ဖုံးအုပ်ထားပြီး အပေါ်ဆုံးအလွှာမှာ Blue Glass Filter တပ်ဆင်ထားတဲ့အတွက် အလင်းရောင်အလွန်တောက်ပနေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ပုံရိပ်အလင်းပြန်ခြင်းကနေလဲ ကာကွယ်ပေးထားပါတယ်။ ဒီလို hardware ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အကောင်းဆုံးပေါင်းစပ်အသုံးပြုထားတာကြောင့် GR5 2017 နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေဟာ အပြင်လောကမှာ ကိုယ့်မျက်စိနဲ့ မြင်တွေ့နေရသလို အံ့သြဖွယ်ရိုက်ချက်တွေကို ပေးစွမ်းနိုင်ပါတယ်။

ဓါတ်ပုံလောကမှာ DSLR ကင်မရာတစ်လုံးနဲ့ ရိုက်ကူးရိုက်ရသည်မှာ အလွန်စိတ်ကျေနပ်ဖွယ် ကောင်းလှပါတယ်။ DSLR ကင်မရာတစ်လုံးမှာ ပါဝင်တဲ့အတိုင်း ISO၊ Exposure နဲ့ Shutter Speed တွေကို လိုသလို ချိန်ညှိပြီး ကိုယ်နှစ်သက်သလို အရောင်အရည်အသွေးတွေအတိုင်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ အခုအချိန်မှာတော့ DSLR ကင်မရာတွေမှာပဲ အဲ့လိုရိုက်နိုင်တာ မဟုတ်တော့ပါဘူး။ GR5 2017 မှာ DSLR ကင်မရာတစ်လုံးလို ဆက်တင်များ ချိန်ညှိရိုက်ကူးနိုင်တဲ့ Professional Mode ပါဝင်လာတာကြောင့် လက်မှာကိုင်ထားတဲ့ဖုန်းကို DSLR ကင်မရာတစ်လုံးလို ပြောင်းလဲ ရိုက်ကူးနိုင်ပါတယ်။

GR5 2017 မှာ ပါဝင်တဲ့ အခြားစိတ်ဝင်စားဖွယ် ကင်မရာလုပ်ဆောင်ချက်များ -
၁. အသားအရေနှင့် မျက်နှာတို့ကို လှပအောင်ပြုပြင်ရိုက်ကူးပေးနိုင်တဲ့ Beauty Mode
၂. Exposure၊ Auto focus နဲ့ AWD တို့ကို ချိန်ညှိမှတ်တမ်းတင်နိုင်တဲ့ Professional Video
၃. ဗီဒီယို ရိုက်ကူးချိန်မှာလဲ ဖုန်းမျက်နှာပြင်ရှိ ပုံကို လှပစွာပြုပြင်မှတ်တမ်းတင်ပေးနိုင်တဲ့ Beauty Video
၎. အလင်းအမှောင်ချိန်ညှိရိုက်ကူးပေးနိုင်တဲ့ HDR၊ ညအချိန်အလင်းနည်းတဲ့ နေရာတွေမှာ အပြင်မှာ မြင်တွေ့နေရသလို လင်းလက်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ Night Shot
၅. မြင်ကွင်းကျယ်ဓါတ်ပုံများရိုက်ကူးပေးနိုင်တဲ့ Panorama Mode၊ အစားအစာတွေကို ပိုမိုအရာရှိစေမယ့် Good Food Mode
၆. ညအချိန် အလင်းတန်းတွေကို အသုံးပြုပြီး အံ့အားသင့်ဖွယ်ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်တဲ့ Light Painting
၇. ရိုက်ကူးပြီးတဲ့ ဗီဒီယိုတွေကို လျင်မြန်တဲ့အရှိန်နဲ့ ပြန်ကြည့်နိုင်တဲ့ Time-lapse
၈. ရိုက်ကူးပြီး ဗီဒီယိုတွေကို အလွန်နှေးကွေးတဲ့ အနေအထားနဲ့ ကြည့်ရှုနိုင်တဲ့ Slow-Mo
၉. ဓါတ်ပုံရိုက်ကူးနေစဉ်မှာ Sticker လေးတွေကိုပါ တပါတည်းထည့်သွင်း ရိုက်ကူးနိုင်တဲ့ Watermark
၁၀. ဓါတ်ပုံရိုက်ပြီးလျှင် ၁၀ စက္ကန့်စာအသံသွင်းပြီး ပြန်ဖွင့်ချိန်မှာ သွင်းထားတဲ့အသံပါဖွင့်ပေးနိုင်တဲ့ Audio Note
၁၁. ၉၀ ဒီဂရီအတွင်း ဘယ်နေရာကနေ ရိုက်ကူးတဲ့ ဓါတ်ပုံမဆို ဓါတ်ပုံအတွင်းရှိ လေးထောင့်သဏ္ဍာန် အရာဝတ္ထုမျိုးကိုမဆို အတည့်ပြောင်းလဲပြသနိုင်တဲ့ Document Scan Mode တို့ပါဝင်ပါတယ်။
ဒါ့အပြင် ဖုန်းရဲ့ အရှေ့ဘက်မှာလည်း 8MP ပမာဏရှိတဲ့ ၇၈ ဒီဂရီ ရိုက်ကူးနိုင်တဲ့ ကင်မရာကို ထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာနဲ့ FHD အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ့် 8MP ပမာဏရှိတဲ့ ၇၈ ဒီဂရီ ရိုက်ကူးနိုင်တဲ့ အရှေ့ကင်မရာကို ထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာရဲ့ လုပ်ဆောင်ချက်အများစုက အနောက်ကင်မရာနဲ့ နည်းတူဖြစ်တဲ့ Beauty၊ Panorama၊ Beauty video၊ Time-lapse၊ Watermark နဲ့ Audio note စတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်

နောက်ထပ်မံပါဝင်လာတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ makeup mode ပဲဖြစ်ပါတယ်။ မိမိနဲ့ လိုက်ဖက်မယ့် makeup effect ၈မျိုးကို မိမိကြိုက်နှစ်သက်သလိုလိမ်းချယ်ပေးနိုင်တဲ့အတွက် မိန်းကလေးတွေအနေနဲ့ အကြိုက်တွေ့စေမှာပါ။

GR5 2017 မှာ အလွန်ကောင်းမွန်တဲ့ ကင်မရာဖွဲ့စည်းမှုနဲ့ ကင်မရာလုပ်ဆောင်ချက်တွေပါဝင်ပြီး ဖုန်းကိုယ်ထည်ဒီဇိုင်းကလဲ အလွန်ဆွဲဆောင်မှုရှိလှပါတယ်။ GR5 2017 ကို သတ္တုကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အရှေ့ဘက်ကိုလဲ 2.5D အကွေးမျက်နှာပြင်နဲ့ ဖုန်းအုပ်ထားတဲ့အတွက် ရုပ်လုံးကြွပြီး သေသပ်လှပမှုရှိပါတယ်။ ဖုန်းမျက်နှာပြင်မှာ ၅.၅လက်မရှိပြီး FHD အရည်အသွေးရှိတဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်ပါတယ်။ အနောက်ဘက်မှာ Dual Camera နဲ့ Fingerprint Sensor တို့ကို ထည့်သွင်းပေးထားပါတယ်။

GR5 2017 ရဲ့ ကိုယ်ထည်အတွင်းပိုင်းကိုတော့ Huawei ရဲ့ နောက်ဆုံးပေါ်ကိုယ်ပိုင် chipset တစ်ခုဖြစ်တဲ့ Kirin 655 Octa-core 2.1GHz (4 x 2.1GHz + 4 x 1.7GHz) CPU ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ဒါ့အပြင် sensor လုပ်ဆောင်ချက်တွေကို အဓိကလုပ်ဆောင်ပေးတဲ့ i5 co-processor တစ်လုံးကိုလဲ ထည့်သွင်းအသုံးပြုထားပါသေးတယ်။ ရုပ်ထွက်ပိုင်းကောင်းမွန်မှုအတွက်ကတော့ Mali-T830 GPU ကိုအသုံးပြုထားတာကြောင့် 3D ဂိမ်းတွေကို ကောင်းမွန်စွာ ကစားနိုင်ပါတယ်။ ဖုန်းလုပ်ဆောင်ချက်လျှင်မြန်မှုနဲ့ အတွင်းပိုင်းသိုလှောင်မှုအတွက် RAM 3GB နဲ့ ROM 32GB တို့ပါရှိပါတယ်။ အရင် GR5 ထက် RAM လုပ်ဆောင်မှုအပိုင်းမှာ 16.6% လျှင်မြန်ပြီး ROM လုပ်ဆောင်မှုအတွက် ၂ဆပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ 128GB ပမာဏအထိရှိတဲ့ SD ကတ်ကို ထပ်မံစိုက်ပြီး အသုံးပြုနိုင်ပါသေးတယ်။

လုပ်ဆောင်ချက်အစုံလင်ဆုံး fingerprint sensor လို့ပြောပါဆိုရင် GR5 2017 ကိုပဲပြောရမှာပါ။ GR5 2017 မှာ ၀.၃ စက္ကန့်အတွင်း လော့ခ်ဖွင့်နိုင်တဲ့ 3rd generation fingerprint sensor ကိုအသုံးပြုထားပါတယ်။ လော့ခ်ဖွင့်ရာမှာတောင်မှ ယခင် GR5 ထက် ၂ ဆခန့် ပိုမိုမြန်ဆန်လာတာကို တွေ့ရမှာပါ။ ဒါ့အပြင် fingerprint sensor ပေါ်ကို ဘယ်ဘယ်ကနေဖြစ်ဖြစ် တင်ပြီးလော့ခ်ဖွင့်နိုင်သလို မိမိလက်ဗွေရာရဲ့ တစိတ်တပိုင်းကိုသာ sensor ပေါ်ကိုတင်ရင်လဲ လော့ခ်ဖွင့်ပေးနိုင်ပါတယ်။ GR5 2017 မှာ ပါဝင်တဲ့ fingerprint က လော့ခ်ဖွင့်ရုံသာမကပါဘူး။ အောက်ပါ လုပ်ဆောင်ချက်တွေကိုလဲ အသုံးပြုနိုင်ပါသေးတယ်။
၁) ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးရာမှာ shutter ခလုတ်အဖြစ်အသုံးပြုနိုင်ခြင်း၊
၂) ဖုန်းလာရင် fingerprint sensor ပေါ်ကို လက်တင်ပြီးဖုန်းဖြေကြားနိုင်ခြင်း၊
၃) နှိုးစက်ပိတ်ခြင်း၊
၎) sensor ရဲ့ အပေါ်ကနေ အောက်ကို ပွတ်ဆွဲလိုက်ရင် notification bar ဆွဲချနိုင်ခြင်း၊ ဆွဲချထားချိန်မှာ sensor ပေါ်ကို လက်နှစ်ချက်ပုတ်လိုက်ရင် notification တွေကို ရှင်းလင်းနိုင်ပြီး notification bar ကို အပေါ်ပြန်တင်နိုင်ခြင်း၊ sensor အောက်ကနေ အပေါ်ကို ပွတ်ဆွဲလိုက်ရင် notification bar ကို အပေါ်သို့ပြန်တင်နိုင်ခြင်း၊
၅) ဓါတ်ပုံများကြည့်ရှုရာမှာ ဘယ်၊ညာ ပွတ်ဆွဲလိုက်ရုံနဲ့ ဓါတ်ပုံတစ်ပုံပြီးတစ်ပုံ ကြည့်ရှုနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေလဲ ပါဝင်ပါတယ်။ မိမိလက်ဗွေရာကို register လုပ်ရာမှာ လက်ဗွေဆိုင်ရာအချက်အလက်တွေကို chipset တစ်ခုမှာ သီးသန့် encrypt လုပ်ပြီးသိမ်းဆည်းထားတဲ့အတွက် ကိုယ့်ဖုန်းပျောက်သွားရင်တောင် လက်ဗွေရာနဲ့ သိမ်းဆည်းထားတဲ့အချက်အလက်တွေကို တခြားသူခိုးယူနိုင်မှာ မဟုတ်တဲ့အတွက် အလွန်စိတ်ချရပါတယ်။

GR5 2017 ဘက်ထရီမှာ 3340mAh ပမာဏရှိတဲ့အပြင် ပါဝါသုံးစွဲမှု သက်သာစေတဲ့ နည်းပညာ တည်ဆောက်မှုတွေဖြစ်တဲ့ 16nm FF+ CPU၊ i5 co-processor၊ Android M မှာ ပါဝင်တဲ့ Doze ဆိုတဲ့ စွမ်းအင်ချွေတာရေးစနစ်နဲ့ Huawei ကိုယ်ပိုင် intelligent power saving နည်းပညာတွေကြောင့် ဖုန်းကို ဆက်တိုက်အသုံးပြုရင်တောင်မှ ၁ ရက်ခွဲခန့် အသုံးခံနိုင်မှာပါ။

GR5 2017 မှာ Google ရဲ့ stable android version တစ်ခုဖြစ်တဲ့ Android 6.0 နဲ့ Huawei ကိုယ်ပိုင် UI ဖြစ်တဲ့ EMUI 4.1 တို့ကို ထည့်သွင်းအသုံးပြုထားတာကြောင့်လဲ ဖုန်းရဲ့လုပ်ဆောင်ချက်များကို လျှင်မြန်သွက်လက်စွာ အသုံးပြုနိုင်မှာပါ။

Huawei GR5 2017 ကို ဒီဇင်ဘာလ (၁၀) ရက်နေ့က ၂၈၉,၀၀၀ ကျပ် စတင်ရောင်းချခဲ့ပြီး လက်ရှိမှာ ရွှေရောင်နဲ့ ငွေရောင်ကို Huawei Branded Shop တွေ Huawei နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ လာမည့်လမှာ မီးခိုးရောင်ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။




Credit to ==> Myanmar Digital Life Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment