♪ CES 2017 မှာ Tango ဖုန်းသစ် နဲ့ ZenFone 3 Zoom ကို ပွဲထုတ်ဖွယ်ရှိ ♫


ဇန်န၀ါရီ လဆန်းမှာ ကျင်းပဖို့ ရှိနေတဲ့ CES 2017 ပွဲမှာ ASUS ကုမ္ပဏီ ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဖုန်းသစ်တွေဖြစ်တဲ့ Tango နဲ့ ZenFone 3 Zoom ကို ပွဲထုတ်ပြသဖို့ ရှိနေတယ် လို့ ထွက်ပေါ်လာခဲ့တဲ့ ဗွီဒီယိုတွေ အရ ခန့်မှန်းလျက်ရှိကြပါတယ်။
.
နာမည်ကျော် မားသားဘုတ် ကုမ္ပဏီကြီး ASUS ရဲ့ အမှုဆောင်အရာရှိချုပ် Jerry Shen က “ပစ္စည်းက စွမ်းရည်မြင့်ရမယ်၊ လူတိုင်းကိုင်နိုင်တဲ့ ဈေးနှုန်းလည်း ဖြစ်ရမယ်။ အဲဒီ ဖုန်းရဲ့အရသာ ကို ခံစားရစေပါမယ်” လို့  ၀န်ခံထားတာနဲ့အညီ ထွက်ရှိလာမယ့် ASUS Tango နဲ့ ASUS ZenFone 3 Zoom ကို အများက ထင်ကြေးပေးလျက်ရှိပါတယ်။
.
Tango Phone ဟာ အစောပိုင်းက ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေတဲ့ ဖုန်းဖြစ်ပြီး ASUS Zenfone AR လို့လည်း ခေါ်ဆိုပါတယ်။ လာမည့် LasVegas ရှိုးပွဲမှာမြင်တွေ့ရမှာ ဖြစ်တဲ့အတွက် အားလုံးက စိတ်ဝင်စားလျက်ရှိနေတဲ့ ဖုန်းအမျီုးအစားလည်း ဖြစ်ပါတယ်။ အထူးသဖြင့် AR ကို အခြေခံထားတဲ့ စမတ်ဖုန်းဖြစ်ပြီး ဂိမ်းတွေနဲ့ ပရိုဂရမ်တွေ ကို အကောင်းဆုံး ဆော့ကစား အသုံးပြုနိုင်မှာဖြစ်ပါတယ်။ AR based ကင်မရာဖုန်းကို Lenovo က စတင် ထုတ်လုပ်ခဲ့ပြီး Phab 2 Pro လို့ခေါ်ပါတယ်။ 6.4 လက်မ ရှိပါတယ်။ (AR ဆိုတာဟာ အသက်မရှိပေမယ့် လူသားတွေရဲ့ အသိဥာဏ်လောက် ရလာအောင် ကြိုးစားတဲ့ နည်းပညာကို Artificial Intelligence ခေါ်ပါတယ်။ Artificial သဘာဝ မဟုတ်တဲ့ တုပထားတဲ့ Intelligence အသိဥာဏ်ပါ။ ဇီဝ စဉ်းစားမှု မရှိတဲ့ စက်ကရိယာ၊ ကွန်ပြူတာတို့နဲ့ တီထွင်ထားတဲ့ အသိဥာဏ်လို့ လည်း ခေါ်နိုင်ပါတယ်။)
.
ASUS Zenfone ကိုတော့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ အခု လာမယ် လို့ မျှော်လင့်ရတာ က Zenfone 3 Zoom ပါပဲ။ Apple iPhone 7 နဲ့ ပခုံးချင်းယှဉ်နိုင်မယ် လို့ နာမည်ကြီးနေတဲ့အပြင် 4,850 mAh battery ဘက်ထရီထည့်သွင်းပေးမယ် ဆိုတဲ့အတွက် စိတ်ဝင်တစားလျက် စောင့်ဆိုင်းလျက်ရှိတယ် လို့ သိရပါတယ်။



Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment