♪ မလေးရှားနှင့် ထိုင်းနိုင်ငံသို့ အပြန်အလှန် ဖုန်းခေါ်ခြင်းအတွက် ပြည်တွင်း နှုန်းဖြင့်သာ ကျသင့်မည့် ဝန်ဆောင်မှု Telenor ပြုလုပ် ♫


ထိုင်းနှင့် မလေးရှားနိုင်ငံမှ ပြည်တွင်းသို့ ဈေးနှုန်းသက်သာစွာ ဖုန်းခေါ်နိုင်မည်ဟုဆိုသည့် ဝန်ဆောင်မှု Telenor ပြုလုပ်လိုက်ကြောင်း သိရသည်။

ထိုင်းနှင့် မလေးရှားနိုင်ငံတွင်း Telenor ကို အသုံးပြုပါက ယင်းနိုင်ငံ နှုန်းထားများခန့်သာ ကုန်ကျစေမည့် ၀န်ဆောင်မှုနှင့် ယင်းနိုင်ငံ များရှိ သူငယ်ချင်းများနှင့် မိသားစု များထံသို့ မြန်မာနိုင်ငံတွင်းမှ ခေါ်ဆိုမှု အတွက် နှုန်းထားချိုသာသည့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကိုပါ မိတ်ဆက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ် သွားရောက်သူများအနေဖြင့် တစ်ကြိမ် စာရင်းပေးသွင်းခ ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် စတင် စာရင်းသွင်းချိန်ကစကာ ၂၄ နာရီကြာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ရောက်ရှိနိုင်ငံ၏ မည်သည့် ပြည်တွင်းဖုန်းနံပါတ် ကိုမဆို ဖုန်းခေါ်ဆိုမှုများအား တစ်မိနစ်လျှင် ၂၅ ကျပ် နှုန်းနှင့်ပြုလုပ်နိုင်မည်ဖြစ်ပြီး (ဥပမာ အားဖြင့် ထိုင်းနိုင်ငံတွင် dtac၊ True နှင့် AIS, မလေးရှားနိုင်ငံတွင် MAXIS၊ Celcom နှင့် digi) မြန်မာနိုင်ငံမှ မည်သည့် ဖုန်းနံပါတ်ကိုမဆို တစ်မိနစ်လျှင် ၁၅၀ ကျပ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မည်သည့် အဝင်ဖုန်း လက်ခံမှုကိုမဆို တစ်မိနစ်လျှင် ၅၀ ကျပ်ဖြင့် လက်ခံပြောဆိုနိုင်မည် ဖြစ်ပြီး စာတိုပေးပို့မှုများအား SMS တစ်စောင်လျှင် ၁၅ ကျပ်၊ အဝင်စာတို အခမဲ့ဖြစ်ကြောင်း သိရသည်။ အင်တာနက် ဒေတာအသုံးပြုခအနေဖြင့် 1MB လျှင်  ၈ ကျပ်ဖြစ်ပြီး စာရင်းပေးသွင်း ရန်အတွက် ‘500’ သို့ TMROAM ဟု စာတိုပေးပို့၍ ရယူနိုင်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုအား My Telenor App မှလည်းစာရင်းပေးသွင်း ရယူနိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်ငွေ ဖြည့် (prepaid) အသုံးပြုသူများ အတွက် *979*2*5*2# သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။



Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment