♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: one or more people, phone and text

မေး - Facebook Video Auto ဖြစ်နေတယ်အစ်ကို။ ဘယ်လိုပိတ်ရမလဲအစ်ကို။
ဖြေ - Account Setting ထဲဝင် App Setting ထဲကိုပြန်ဝင် Auto Play ကို ပိတ်ပေးလိုက်ပါ။

မေး - YouTube က Video တွေကို ဘယ်လို Download လုပ်ရမလဲ။
ဖြေ - YouTube က Video တွေကို Phone နဲ့ ဆွဲချင်တယ်ဆိုရင် Tubemate Apk ဒါမှမဟုတ် Vmate Apk တို့နဲ့ ဆွဲလို့ရပါတယ်။

မေး - Facebook က Video တွေ Down မရလို့ ဘယ်လို Down ရမလဲ ပြောပြပေးပါလားရှင်။
ဖြေ - Facebook က Video တွေ Down ချင်ရင် Facebook Video Downloader Apk ရှိတယ်။ ဒါမှမဟုတ် Tubemate Apk Software တွေနဲ့လည်း Save လုပ်ပြီး Down လို့ရပါတယ်။

မေး - Xiaomi ဖုန်းကို China Rom နဲ့ Global Rom ဘယ်လိုခွဲတာလဲ ခင်ဗျာ။
ဖြေ - Xiaomi ဖုန်းတွေကို Rom ခွဲတာသိချင်ရင် Setting > Additional Setting ထဲဝင် Language ထဲဝင် Language ထဲမှာ English Language ရယ် China Language ရယ် စသည်ဖြင့် ၄ မျိုးလောက်ပါတယ်။ အဲ့ဒါက China Rom ။ အကယ်၍ Language ထဲမှာ ဘာသာစကားတွေ အများကြီးပါခဲ့မယ်ဆိုရင် Global Rom လို့ အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်ခင်ဗျာ။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက ဖုန်းအ၀င် Call အထွက် Call မှန်သမျှ နားကျပ်နဲ့တပ်ပြီး ပြောနေရတယ်။ Speaker ဖွင့်ပြီးပြောလည်းမရဘူး။ ဖုန်းနဲ့နားကပ်ပြောလည်း မရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက အသံပိုင်းဆိုင်ရာလမ်းကြောင်းမှာ Error တက်သွားတဲ့အတွက် နီးစပ်ရာ Service ဆိုင်ကို ပို့လိုက်ပါ။

မေး - ဆရာ ကျွန်တော့်ဖုန်းက Power ပိတ်ပြီး ပြန်ဖွင့်ရင် Power Key ကို အကြာကြီးအရမ်းဖိပြီး နှိပ်နေရတယ်ခင်ဗျာ။ ဘယ်လိုလုပ်ရမလဲ။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဆိုရင် အစ်ကို့ဖုန်းက Power Key မကောင်းတာကြောင့်ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင်ကိုသွားပြလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက တစ်ခါရေထဲကျဖူးပါတယ်။ ဒါပေမယ့် သုံးလို့ရသေးတယ်။ သုံးပြီး ၂ လလောက်နေတော့ LCD အလင်းမှိန်လာပါတယ်ခင်ဗျာ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ညီလေးဖုန်းက ရေ၀င်ပြီး ရေချိုတွေက ဖုန်းရဲ့ Backlight ပိုင်းမှာညှိပြီး လျှော့ဖြစ်နေတာပါ။ နီးစပ်ရာ Service ဆိုင်ကို သွားပြလိုက်ပါ။

မေး - ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်က ဖုန်းဆိုင်မှာ Service လေး လုပ်ပါတယ်။ ကျွန်တော့်ဖုန်းက Huawei ပါ။ Version လေး 4.0.3 ပါ။ မြန်မာဖောင့်မပေါ်ဖြစ်နေတယ်။ စ၀ယ်တုန်းက မြန်မာဖောင့်ပါပါတယ်။ စက်လေးတော့ Factor Restart ချလိုက်တာ ပြန်တက်လာတော့ အဆင်မပြေဖြစ်သွားတယ်။ Theme နဲ့လည်း ကစားကြည့်တယ်။ အဆင်မပြေဘူး။ နည်းလမ်းလေးများရှိမလား။ Root လုပ်ပါတယ်။ ဖောက်ပါတယ်။ မြန်မာစာမပေါ် ဘူး။ ဘာများဖြစ်လို့လဲ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက မြန်မာတစ်ဝှမ်းနဲ့နိုင်ငံအားလုံးရဲ့ ရောင်းအားအကောင်းဆုံး Huawei ဖုန်းလေးတစ်ခုဖြစ်တယ်။ သုံးရစွဲရတာလည်း အဆင်ပြေတယ်။ မြန်မာနိုင်ငံမှာသုံးတယ်ဆိုတော့ မြန်မာလိုမြင်မှ အဆင်ပြေမှာလေ။ Huawei ဖုန်းတော်တော်များများ Version 4 ကျော်ရင် V Root 1.7.9 ဖောက်ပါတယ်။ တချို့ဖုန်းတွေက Root ဖောက်တာနဲ့ အဆင်ပြေပါတယ်။ အဆင်မပြေတဲ့ ဖုန်းများကို Zawgyi Changer အနိမ့်နဲ့ ကစားပေးရပါတယ်။ အဲ့ 4.3 ကျော်ရင်တော့ MMSD Changer နဲ့ ပြုလုပ်ပေးရပါတယ်။ အစ်ကို့ဖုန်း အဆင်ပြေမှာပါ။

မေး - iPhone 5 မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်တဲ့အခါမှာ Fix.Application Notcompatible ဆိုတဲ့ Error ပြနေတာ ဘာဖြစ်လို့ပါလဲ။
ဖြေ - ဟုတ်ကဲ့။ ဒီ Error ကတော့ Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်လိုက်ပါ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment