♪ Redmi Note 4 ကို အရောင် အသစ်နှစ်မျိုး ထပ်မံထုတ်လုပ် ♫


Xiaomi အနေနဲ့ ပြီးခဲ့တဲ့ August လအတွင်းမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ Redmi Note 4 ကို အရောင် အသစ်နှစ်မျိုးအဖြစ် အပြာ နဲ့ အနက် ဆိုပြီး ထပ်မံထုတ်လုပ်လိုက်ပါတယ်။

Xiaomi အနေနဲ့ အရင်က တစ်ခါမှမလုပ်ဖူးခဲ့တဲ့ အခုလို Specs တူ၊ ဒီဇိုင်းတူ အရောင်အသစ် version တွေထပ်မံထုတ်လုပ် လိုက်တာဟာ Samsung S7 edge ရဲ့ အရောင်အသစ်တွေ တစ်ခုပြီး တစ်ခုထုတ်လုပ်မှုကို တိုက်ရိုက်အတုခိုးသလို ဖြစ်နေပေမယ့် Samsung Galaxy S7 edge ရဲ့ Blue Coral နဲ့ Black Pearl အရောင်တွေနဲ့ တစ်ပုံစံတည်း မတူအောင် ဖန်တီးထားပါတယ်။

Redmi Note 4 ကို Gold, Silver နဲ့ Grey ဆိုတဲ့ အရောင် (၃) မျိုးသာ ထုတ်လုပ်ထားခဲ့ရာက အခုလိုမျိုး Blue နဲ့ Black ဆိုတဲ့ အရောင်နှစ်မျိုးကို ထပ်မံထုတ်လုပ်လိုက်တာဖြစ်ပြီး ဈေးနှုန်းတွေကတော့ အရင် အရောင်တွေနဲ့ အတူတူပဲဖြစ်တယ်လို့ သိရပါတယ်။

Related image

အခု အသစ်ထွက်ရှိတဲ့ Blue နဲ့ Black version နှစ်မျိုးကို 3GB RAM/32GB storage နဲ့ 3GB RAM/64GB version တွေအဖြစ်သာ ထုတ်လုပ်လိုက်တာ ဖြစ်တယ်လို့လည်းသိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment