♪ " စတင်ဖြန့်ချိတဲ့နေ့မှာပဲ ၂.၈၅ သန်း Download လုပ်တဲ့ Super Mario Run " ♫

Image may contain: phone and text

Super Mario Run ဟာ Apple App Store သမိုင်းမှာတော့ စတင်ဖြန့်ချိတဲ့နေ့မှာ Download လုပ်မှု အများဆုံး App ဖြစ်လာပါတယ်။ ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်း Apptopia က အဲဒီဂိမ်းကို ပထမရက်မှာပဲ အကြိမ်ပေါင်း ၂.၈၅ သန်း Download လုပ်ကြတယ်လို့ ပြောပါတယ်။ Pokemon Go ကို စတင်ဖြန့်ချိတဲ့ရက်မှာ Download လုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၉၀၀,၀၀၀ သာရှိခဲ့တဲ့အတွက် Super Mario Run က ပိုမိုများပြားနေ ပါတယ်။

ဒါပေမဲ့ Pokemon Go ဟာ နောက်သုံးရက်အတွင်းမှာ ၅.၆ သန်း ရှိလာပါတယ်။ Super Mario Run ကို နိုင်ငံပေါင်း ၅၀ အတွက် စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး Pokemon Go ကို နိုင်ငံ ၃ နိုင်ငံအတွက်သာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Super Mario Run ဟာ Nintendo က တီထွင်တဲ့ ပထမဆုံးစမတ်ဖုန်းဂိမ်းဖြစ်ပါတယ်။ Pokemon Go ဟာ App Store သမိုင်းမှာ ပထမဆုံးတစ်ပတ်အတွင်း အများဆုံး Download လုပ်တဲ့ဂိမ်းအဖြစ် စံချိန်တင်ထားပါတယ်။


Super Mario Run ကို ၉.၉၉ ဒေါ်လာဖြင့် ၀ယ်ယူကစားရမှာဖြစ်ပါတယ်။ လုံခြုံရေးအရ ဂိမ်းကို အင်တာနက်ချိတ်ဆက်၍သာ ကစားနိုင်အောင် ဖန်တီးထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Android အတွက် Super Mario Run ကို ၂၀၁၇ ခုနှစ်အတွင်းမှာဖြန့်ချိပေးမယ်လို့ မျှော်လင့်ရပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment