♪ “KENBO Hero One” ♫

Image may contain: phone

KENBO Smartphone ကနေ Series အလိုက် မိုဘိုင်းဖုန်းများ ထုတ်လုပ် ရောင်းချပေးလျက်ရှိပြီး ယခုဖော်ပြပေးမှာ ကတော့ Fingerprint စနစ် ပါတဲ့ Hero One ဖုန်းအကြောင်းပဲဖြစ်ပါတယ်။ နည်းပညာတွေ ပြောင်းလဲတိုးတက် လာတဲ့ ယနေ့ခေတ်အခါမှာ Fingerprint စနစ်ပါတဲ့ ဖုန်းများဟာ လူကြိုက်များ ခေတ်စားလာခဲ့ပါတယ်။ Hero One ရဲ့ Fingerprint Sensor ဟာ မတူညီတဲ့ လက် ၅ ချောင်းကို လက်ဗွေအမှတ်အသားအဖြစ် Register လုပ်ကာ သိမ်းဆည်းထားနိုင်ပြီး ဆောင်းရာသီလို လက်ချောင်းများ အရေခွံကွာသည့် အခါမှာလည်း အဆင်ပြေပြေ သုံးစွဲနိုင်မှာပါ။

Hero One ရဲ့ Screen က 5 inches ရှိတဲ့အတွက် ကြည်လင်တောက်ပတဲ့ ရုပ်ထွက်တွေကို ဖော်ပြပေးနိုင် တဲ့ 2.5 D Screen ကို သုံးပေးထားပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်ဖတ် ခြင်း စတာတွေကို 1280 × 720 HD ရုပ်ထွက်နဲ့ တွေ့မြင်သုံးနိုင်တာမို့ ဖုန်းသုံးတဲ့အခါမှာ ပိုမိုအဆင်ပြေစေပါတယ်။ ဂိမ်းကစားတဲ့အခါမှာလည်း သွက်လက်မြန်ဆန်စေဖို့အတွက် စွမ်းဆောင်ရည်မြင့် Quad Core CPU နဲ့ RAM 2GB တို့ကို ပေါင်းစပ်တပ်ဆင်ပေးထား ပါသေးတယ်။ Data (အချက် အလက်) များ ပိုမိုသိမ်းဆည်းနိုင်စေရန် 16 GB ROM ကို တပ်ဆင်ပေးထားပြီး အရှေ့ဘက် 5 Megapixels နဲ့ အနောက်ဘက် 8 Megapixels အရည်အသွေး မြင့်ကင်မရာများက ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာ ကြည်လင်တောက်ပတဲ့ ရုပ်ထွက်ကို ပေးစွမ်းမှာပါ။

လက်ဗွေနဲ့ အမှတ်အသားပြုလုပ်ကာ ဖုန်း Lock ဖွင့်နိုင်ပြီး ဖုန်းအတွင်းရှိ Application ၅ မျိုးကိုလည်း မတူညီတဲ့လက်ဗွေအမှတ်အသားတွေနဲ့ တိုက်ရိုက် ၀င်ရောက်နိုင်စေဖို့ ပြုလုပ်နိုင်ပါသေးတယ်။ Fingerprint Sensor ကို လက်ဗွေ ဖိထားရုံနဲ့ ဓာတ်ပုံရိုက်ကူးနိုင်ပြီး 2G / 3G နဲ့ 4G LTE မိုဘိုင်း ကွန်ရက်တွေမှာ ပါ ဖုန်းသုံးလို့ရမှာပါ။ Li-Ion အမျိုးအစား ဘက်ထရီကို 2250 mAh ပမာဏ အထိထောက်ပံ့ပေးထားပြီး စက်လည်ပတ်မှုစနစ်ကိုတော့ Android 5.1 (Lollipop) အား သုံးပေးထားပါတယ်။

<Specification>

Network - 2G, 3G, 4G
Screen - 5 inches
Memory - 16 GB
CPU - Quad Core 1 GHz
Camera - 8 MP
OS - Android OS, v5.1
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment