♪ ပါးလှပ်လွန်းတဲ့ ဖုန်းဒီဇိုင်းကြောင့် Samsung Galaxy Note 7 ဖုန်းများ ပေါက်ကွဲခဲ့ခြင်းဖြစ် ♫


Samsung ကတော့ Galaxy Note 7 ဖုန်းတွေ ဘာ့ကြောင့် ပေါက်ကွဲရတယ်ဆိုတာကို ပြန်လည်သုံးသပ်ခဲ့ပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ ထုတ်မပြောတဲ့ အဖြေတစ်ရပ်ကို ရှာတွေ့ထားတယ်လို့ သိရပါတယ်။

ဘက်ထရီပေါက်ကွဲမှုတွေကြောင့် ရောင်းချပြီး  Galaxy Note 7 အလုံးရေအားလုံးနီးပါးကို ပြန်လည် သိမ်းယူခဲ့တဲ့ Samsung ကတော့ ဘက်ထရီအတွက်နေရာလွတ်သိပ်မပေးနိုင်တာကြောင့် အခုလို ပြဿနာကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Samsung Galaxy Note 7 ဖုန်းဟာ ပါးလှပ်တဲ့ဖုန်းတစ်လုံးဖြစ်တာနဲ့အညီပဲ ပါးလှပ်တဲ့ ဖုန်းဘက်ထရီတွေကိုလည်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ပါးလှပ်တဲ့ဖုန်းဘက်ထရီတွင်းမှာတော့ positive layer တွေနဲ့ negative layer တွေကို မထိခိုက်မိအောင် ကာကွယ်ပေးထားတဲ့ separator အလွှာဟာ နေရာလွတ်သိပ်မရှိဖြစ်ခဲ့ပါတယ်။ အခုလို သိုသိပ်တဲ့နေရာအနေအထားကြောင့် separator အလွှာဟာ layer တွေအချင်းချင်း ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြန်လည် စစ်ဆေးချက်တွေအရသိရပါတယ်။

samsung_galaxy_note7_review_thumb800

Samsung ဟာ ဘက်ထရီကို အပါးလှပ်ဆုံးဖြစ်အောင် ပြုလုပ်တဲ့အချိန်မှာ ထူထဲတဲ့ ဘက်ထရီ margin တွေကိုလည်း လျှော့ချပစ်ခဲ့ပါသေးတယ်။ ဖုန်းဘက်ထရီဟာ အားသွင်းနေတဲ့အချိန်မှာ နေရာ ၁၀ ရာနှုန်းလောက်ထိ ပိုမိုရယူလေ့ရှိပြီး Note 7 ဖုန်းရဲ့ ဘက်ထရီကတော့ ၅.၂ မီလီမီတာ အနက်ရှိတဲ့ ဘက်ထရီအံခွက်အတွင်းမှာပဲ ကွက်တိအနေအထားဖြစ်လို့နေခဲ့တာပါ။ ဒါ့ကြောင့် ဘက်ထရီဟာ နေရာလွတ်မရှိဖြစ်သွားပြီး အားသွင်းတဲ့အခါ တိုးလာတဲ့ pressure ကို မခံနိုင်ဖြစ်လာ တာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်လာတယ်လို့ စစ်ဆေးချက်အဖြေတွေအရ သိရပါတယ်။

ဒါ့ကြောင့် Note 7 ဖုန်းရဲ့ ပါးလှပ်လွန်းတဲ့ ဒီဇိုင်းဟာ Samsung အတွက် အန္တရာယ်များသွားစေခဲ့ပြီး နည်းပညာပိုင်း ချွတ်ယွင်းချက်တွေကို ဖြစ်ပေါ်စေခဲ့တာပါ။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment