♪ Kodak က ထုတ်လုပ်လိုက်တဲ့ 21MP ကျောကင်မရာပါ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်း “Ektra” ♫

kodak_ektra_678x452

ကမ္ဘာ့ပထမဆုံးဒီဂျစ်တယ်ကင်မရာကို ၁၉၇၅ ခုနှစ်ကတည်းက ထုတ်လုပ်နိုင်ခဲ့တဲ့ အမေရိကန်အခြေစိုက် Kodak ကုမ္ပဏီက သူလည်း တခြားနည်းပညာကုမ္ပဏီတွေနည်းတူ စမတ်ဖုန်းကောင်းကောင်းတစ်လုံး ထုတ်နိုင်ကြောင်း သက်သေပြလိုက်ပါပြီ။

Kodak က အသစ်မိတ်ဆက်လိုက်တဲ့ “Ektra” အမည်ရ စမတ်ဖုန်းဟာ သာမန်မြင်နေကျစမတ်ဖုန်းတွေနဲ့ မတူဘဲ၊ ခေတ်ဟောင်းဒီဂျစ်တယ်ကင်မရာတစ်လုံးနဲ့ ပိုတူကာ၊ ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

kodak-ektra-840x460

Kodak Ektra မှာ Corning Gorilla Glass ဖန်သားသုံး အကျယ် ၅ လက်မရှိ 1080p မျက်နှာပြင်ပါရှိပြီး၊ Mediatek Helio X-20 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါရှိကာ၊ storage ထပ်ချဲ့ဖို့အတွက် microSD ကတ်အပေါက်လည်း ပါဝင်မှာပါ။

ဖုန်းကျောဘက်ကိုယ်ထည်ကို လယ်သာသားအတု (faux leather) အုပ်ထားပြီး၊ ဘေးဘောင်တွေကတော့ သတ္တုပုံစံပလတ်စတစ်နဲ့ ဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ 21-megapixel ကျောကင်မရာဖြစ်ပြီး၊ Sony ရဲ့ IMX230 ပုံရိပ်ဖမ်းဆန်ဆာ ( Xperia Z3+ နည်းတူ) ၊ အပါချာ f/2.0 ၊ 26.5 mm 6p lens တွေကို အသုံးပြုထားတာတွေ့ရပါတယ်။ ဖုန်းအောက်ဘက်မှာလည်း ရှက်တာခလုတ်သက်သက်ထည့်ပေးထားတာတွေ့ရပါတယ်။ ဒီခလုတ်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ ကင်မရာကို ဖွင့်နိုင်ပြီး၊ တစ်ဝက်ဖိနှိပ်ပြီး focus ချိန်နိုင်ပါတယ်။

ကင်မရာအသားပေးစမတ်ဖုန်းဖြစ်တာနဲ့အညီ DSLR ကင်မရာအတိုင်း manual စိတ်ကြိုက်ချိန်ရိုက်နိုင်ဖို့အတွက်လည်း manual mode ထည့်သွင်းပေးထားသလို၊ ရိုက်ပြီးသား ဓာတ်ပုံပြင်ဖို့အတွက် Google ရဲ့ Snapseed app လည်း တပါတည်းပါဝင်လာမှာဖြစ်ပါတယ်။
kodak_ektra_678x452

ရှေ့ကင်မရာကတော့ 13MP ဆန်ဆာဖြစ်ပြီး၊ f/2.2 lens နဲ့ဖြစ်ပါတယ်။ Android စနစ်က 6.0 Marshmallow စနစ်နဲ့ဖြစ်ပြီး၊ ဘက်ထရီက 3000mAh ဘက်ထရီနဲ့ USB Type-C အပေါက်တို့ ပါဝင်ပါတယ်။

Kodak Ektra ကို ဗြိတိန်နဲ့ ဥရောပမှာ ယခုနှစ်ဆောင်းရာသီအတွင်း ၄၄၉ ပေါင် (ဒေါ်လာ ၅၅၀ ခန့်) နဲ့  ရောင်းချသွားမှာဖြစ်ကာ၊ ဝယ်လိုအားရှိတယ်ဆိုရင် US အထိ တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment