♪ GTX 1080 နဲ့ Mechanical Keyboard တို့ ပါဝင်တဲ့ ၃၆၉၉ ဒေါ်လာတန် Razer Blade Pro ဂိမ်းမင်းလက်ပ်တော့အသစ် ♫


Desktop ကွန်ပြူတာတစ်လုံးနီးပါးစွမ်းဆောင်ရည်ရှိတဲ့ ဂိမ်းမင်းလက်ပ်တော့ကောင်းကောင်းတစ်လုံး လိုချင်သူတွေအတွက် Razer ရဲ့ Blade Pro လက်ပ်တော့မော်ဒယ်အသစ် ထွက်ရှိလာပါပြီ။

ယခုအသစ်ထွက်ရှိလာတဲ့ Razer Blade Pro မှာ လက်ရှိဂရပ်ဖစ်ကတ်တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးကတ်တစ်ကတ်ဖြစ်တဲ့ Nvidia GTX 1080 ကတ် ပါဝင်လာပြီး၊ mechanical keyboard ရဲ့ အသံနဲ့ စွမ်းဆောင်ရည်မျိုးကိုမှ ကြိုက်နှစ်သက်သူတွေအတွက်လည်း လက်ပ်တော့မှာ mechanical keyboard တပါတည်း ထည့်သွင်းပေးထားပါတယ်။ ကီးဘုတ်အောက်ခံမီးအရောင်ကိုလည်း ဂိမ်းနဲ့လိုက်အောင် ချိန်ညှိလို့ ရမှာ

rzr_blade17_tpad2scene_01copy

လက်ပ်တော့ကိုယ်ထည်တစ်ခုလုံးကို CNC အလူမီနီယံနဲ့ ပြုလုပ်ထားပြီး၊ မျက်နှာပြင်အကျယ်က ၁၇.၃ လက်မအထိရှိပါတယ်။

4K (3840 x 2160) IGZO မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ မျက်နှာပြင်ကို Touch အနေနဲ့လည်း အသုံးပြုနိုင်ပြီး၊ G-Sync နည်းပညာကို အသုံးပြုထားတာကြောင့်  ရုပ်ထွက်ချောမွေ့မှုအကောင်းဆုံး ခံစားနိုင်မှာပါ။
bzfauccp3domp3qtpsn8wz-650-80

ပရိုဆက်ဆာကို Intel ရဲ့ ဆဌမမြောက်မျိုးဆက် quad-core i7 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 32 GB အထိ ပါဝင်မှာပါ။ လက်ရှိနောက်ဆုံးမျိုးဆက် Kaby Lake architecture နဲ့မဟုတ်ဘဲ Sky Lake ဖြစ်နေတာတစ်ခုပဲ ပြောစရာရှိပါတယ်။  storage ကတော့ 1TB ၊ 2GB နဲ့ 512 GB SSD ဆိုပြီး သုံးမျိုးရရှိနိုင်ပါတယ်။ ဂရပ်ဖစ်ကတော့ GeForce GTX 1080 (VRAM 8GB DDR5X ) ကတ်နဲ့ ဖြစ်ပါတယ်။

ဒီလိုအမြင့်စားစက်လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်ကို အေးမြစေဖို့အတွက် Razer ဟာ Blade Pro လက်ပ်တော့မှာ ကမ္ဘာ့အသေးဆုံး vapor chamer သုံးအအေးခံစနစ်ကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
Razer Blade Pro လက်ပ်တော့ဟာ GeForce GTX 1080 ဂရပ်ဖစ်ကတ်ပါတဲ့ လက်ပ်တော့တွေထဲမှာ အပါးဆုံးလက်ပ်တော့တစ်ခုဖြစ်ပြီး၊ အလေးချိန်ကလည်း ၇.၈ ပေါင် (၃.၅၄ ကီလို) သာရှိပါတယ်။ ဂိမ်းမင်းလက်ပ်တော့တစ်ခုအနေနဲ့ ပေါ့တယ်လို့ ဆိုနိုင်မှာပါ။

ချိတ်ဆက်မှုအပိုင်းအနေနဲ့ HDMI အပေါက်တစ်ခုနဲ့ USB 3.0 အပေါက်သုံးခု၊ USB-C တစ်ခုနဲ့ SD card reader လည်း ပါဝင်ပါတယ်။ အခွေထည့်ဖို့ optical drive တော့ ပါဝင်မှာမဟုတ်ပါဘူး။ ဂိမ်မာတွေအကြိုက် mechanical keyboard ကို ထည့်သွင်းပေးထားသလို၊ trackpad ကလည်း တော်တော်ကြီးကြီး ပါဝင်တာတွေ့ရပါတယ်။ Trackpad က ထူးထူးခြားခြားစွမ်းဆောင်ရည်မျိုးမပါဝင်ပေမယ့် သာမန် trackpad တွေထက် သုံးရတာပိုအဆင်ပြေတယ်လို့ The Verge က ညွှန်းထားပါတယ်။

Razer Blade Pro လက်ပ်တော့ကို လာမယ့်နိုဝင်ဘာလကစပြီး ဒေါ်လာ ၃၆၉၉ နဲ့ စတင်တင်ပို့ရောင်းချသွားမှာဖြစ်ကာ၊ ဈေးနှုန်းကတော့ သာမန်ဂိမ်မာတွေအနေနဲ့ အနားကပ်နိုင်မှာ မဟုတ်ပါဘူး။

Razer CEO Min-Liang Tan ကိုယ်တိုင်ကလည်း “ နည်းပညာမြင့်ရင်တော့ ဈေးကမြောက်မှာပဲ” လို့ မိတ်ဆက်ပွဲမှာ အရွှန်းဖောက်ပြောသွားခဲ့ပါသေးတယ်။


Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment