ရုရှားမှာတော့ Facebook ရဲ့ အကြီးမားဆုံး ပြိုင်ဖက်က VK လို့
အတိုကောက်ခေါ်ကြတဲ့ Vkontakte လူမှုကွန်ရက် ဖြစ်ပါတယ်။ အဲဒီ လူမှုကွန်ရက်မှာ
သူငယ်ချင်းများ ရှာဖွေဖို့အတွက် ရုရှား ကုမ္ပဏီ Trinity Digital က FindFace
App ကို ဖန်တီးပေးထားပါတယ်။ FindFace မှာ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့
နည်းပညာ ပါရှိပြီး ဓါတ်ပုံတစ်ပုံကို VK မှာ တင်လိုက်တာနဲ့ အဲဒီလူကို
လူမှုကွန်ရက်မှာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။
.
FindFace ရဲ့ နည်းပညာဟာ သူငယ်ချင်းများ၊ မိသားစုဝင်များကို VK မှာ အလွယ်တကူ ရှာလို့ ရတဲ့အတွက် အသုံးဝင်ပေမယ့် လူတွေက အပြာမင်းသမီးနဲ့ လိင် အလုပ်သမများကို အဓိက ရှာဖွေနေကြပါတယ်။ အပြာကားမှာ ပါဖူးတဲ့ မင်းသမီးများရဲ့ ပရိုဖိုင်များကို လူမှုကွန်ရက်မှာ မျှဝေမှုများ ဖြစ်လာကြတဲ့အတွက် အပြာမင်းသမီးများ၊ လိင် အလုပ်သမများအတွက် Privacy အရ လုံခြုံမှု မရှိတော့ပါဘူး။
.
FindFace မှ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့ ၀န်ဆောင်နဲ့ပတ်သက်ပြီး ကန့်ကွက်မှုများစွာ ရရှိခဲ့ပေမယ့် ဒီနည်းပညာကို လူတွေ မသုံးနိုင်အောင် ရပ်တန့်ဖို့ နည်းလမ်း မရှိဘူးလို့ ပြောပါတယ်။ FindFace ဟာ လူ့ အသိုက်အ၀န်းကို အကျိုးရှိစေခဲ့တဲ့ ဥပမာများလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က စိန့်ပီတာစဘတ်မှ အဆောက်အဦးကို မီးရှို့ခဲ့တဲ့ လူ ၂ ယောက်ကို FindFace အကူအညီဖြင့် လူမှုကွန်ရက်မှာ ရှာဖွေနိုင်ခဲ့ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com

0 comments:
Post a Comment