ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေရဲ့ ဘက်ထရီဟာတစ်ရက်လောက်ပဲ အားခံတာဟာဆိုးပါတယ်။
ဒါပေမယ့် ဒါဟာ ဖုန်းတွေကို တစ်ချိန်လုံးအားသွင်းထားတဲ့ကျွန်တော်တို့ရဲ့အမှားကြောင့်ပါပဲ။
အများစုဟာ အားနည်းနည်းလေးကျန်မှ အားသွင်းတာဟာ ရေရှည်မှာ
ဘက်ထရီကိုထိခိုက်နိုင်တယ်လို့ မှတ်ယူထားလေ့ရှိပါတယ်။ ဒါပေမယ့်
အားလုံးဝကုန်သွားမှ သွင်းတာထက်စာရင်တော့ ကောင်းပါသေးတယ်။
ဒါပေမယ့် ဒီ “post” ကိုဖတ်ပြီးရင်တော့ ထပ်မမှားသင့်တော့ပါဘူး။
‘Battery University’ လို့အမည်ရတဲ့ ဘက်ထရီကုမ္ပဏီ Cadex ရဲ့ ဝက်ဘ်ဆိုဒ်တစ်ခုက ကျွန်တော်တို့စမတ်ဖုန်းတွေမှာပါဝင်တဲ့ lithium-ion ဘက်ထရီတွေရဲ့ ‘stress’ တွေဟာ ဘယ်လောက်တောင် sensitive ဖြစ်ကြောင်း အသေးစိတ်ဖော်ပြခဲ့ပါတယ်။ လူတွေလိုပါပဲ စမတ်ဖုန်းတွေရဲ့ ဘက်ထရီမှာ ‘stress’ တွေများလာတဲ့အမျှ ဘက်ထရီရဲ့ ရေရှည်သက်တမ်းကိုထိခိုက်နိုင်ပါတယ်။
တကယ်လို့ သင့်ဖုန်းရဲ့ ဘက်ထရီအားကို တစ်နေကုန်စိတ်ပူစရာမလိုဘဲ အကောင်းဆုံးအခြေအနေမှာထားချင်တယ်ဆိုရင်တော့ လုပ်နေကျအကျင့်လေးကိုပြောင်းလဲပစ်ရပါမယ်။
**အားပြည့်သွားရင် ဆက်အားမသွင်းထားဘဲ ပလပ်ဖြုတ်ဖြစ်အောင်ဖြုတ်ပါ**
Battery University ရဲ့ဖော်ပြချက်အရဆိုရင် သင့်ရဲ့ဖုန်းကို အားပြည့်သွားရင် မဖြုတ်ဘဲထားတာမျိုး ဥပမာ-တစ်ညလုံးပစ်ထားတာမျိုးဆိုရင် ဖုန်းရဲ့ဘက်ထရီကရေရှည်ခံမှာမဟုတ်ပါဘူး။
သင့်ဖုန်းရဲ့ဘက်ထရီအားဟာ ၁၀၀% ရောက်နေတဲ့အချိန် အားဆက်သွင်းထားရင် ဘက်ထရီယိုစီးမှုဖြစ်ပါလိမ့်မယ်။ ဘက်ထရီကို stress, tension များစေပြီး အတွင်းပိုင်းမှာ ဓာတ်ပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်။
Battery Univesity ဟာ သိပ္ပံနည်းကျတဲ့အသေးစိတ်တွေနဲ့ ရှင်းလင်းတဲ့အခါမှာလည်း အားပြည့်သွားရင် အားသွင်းတာကိုရပ်တန့်ဖို့ပဲ အဓိကဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ အဲ့လိုပလပ်ဖြုတ်လိုက်တာဟာ လူတစ်ယောက်ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အနားယူလိုက်ရသလိုပါပဲ။ သင့်ဖုန်းကို နာရီပေါင်းများစွာ အားသွင်းထားလေ့ရှိရင်တော့ အခုပြင်လိုက်ပါ။
*တကယ်တော့ဘက်ထရီအားကို ၁၀၀% ထိရောက်အောင်ကို မသွင်းသင့်ပါဘူး
Lithium-ion ဘက်ထရီတွေဟာ အားအပြည့်သွင်းစရာလည်းမလိုသလို အပြည့်သွင်းဖို့လည်မစဉ်းစားလိုက်ပါနဲ့။ အားမပြည့်မသွင်းလေကောင်းလေပါဘဲ။ အားများလေလေ ဘက်ထရီကို stress များစေလေဖြစ်ပြီး ရေရှည်ခံမှာမဟုတ်ပါဘူး။
သင့်ဖုန်းကိုတစ်နေကုန်တောက်လျှောက်အားသွင်းတာမျိုးမလုပ်ဘဲ တတ်နိုင်သလောက်နေ့ခင်းမှာပဲ သွင်းနိုင်သလောက်သွင်းထားပေးပါ။
**အမြဲတမ်းမဟုတ်ဘဲသွင်းနိုင်တဲ့အချိန်မှာဘဲသွင်းပါ**
အားလုံးဝကုန်သွားမှ အားအများကြီးသွင်းတာမျိုးမလုပ်ဘဲ နေ့ခင်းပိုင်းမှာ ရရင်ရသလိုအားသွင်းထားတာဟာ သင့်ဖုန်းဘက်ထရီအတွက်အကောင်းဆုံးနည်းလမ်းပါပဲ။
ဘက်ထရီအားက ၁၀% အောက်ရောက်နေပြီဆိုရင် အားမပြည့်မချင်းအကြာကြီးသွင်းထားရမှာပါ။ အဲလိုအားအကြာကြီးမသွင်းဘဲနဲ့ တစ်နေ့ကိုအကြိမ်ပေါင်းများစွာ အားသွင်းလိုက်ဖြုတ်လိုက်လုပ်ပေးပါ။ ဒါဟာသင့်ဖုန်းဘက်ထရီကို ရေရှည်ခံစေမယ့်နည်းလမ်းဖြစ်ပြီး တစ်နေကုန်အားခံစေမှာပါ။
ဒါ့ပြင် feature တွေကိုမသုံးဘဲနဲ့အမြဲတမ်းဖွင့်ထားတာမျိုးမလုပ်ပါနဲ့။ ဥပမာ-GPS ကိုဖွင့်သုံးရတဲ့ feature မျိုးတွေဟာ ဘက်ထရီစားတဲ့အတွက် မသုံးရင်ပိတ်ထားပေးပါ။
**ဘက်ထရီကို ပူနေတဲ့နေရာတွေမှာမထားပါနဲ့**
စမတ်ဖုန်းတွေရဲ့ဘက်ထရီတွေဟာ ပူလွယ်တာကြောင့် Apple ကတောင် iPhone တွေအားသွင်းတဲ့အခါအပူကာတဲ့နေရာမှာထားဖို့အကြံပြုထားပါတယ်။ အားသွင်းနေတဲ့အချိန်မှာ ဖုန်းကအရမ်းပူလာပြီလို့ထင်ရင်တော့ အရင်ဆုံးနေရာရွှေ့လိုက်ပါ။ တကယ်လို့နေပူထဲမှာဆိုရင်တော့ သင့်ဖုန်းကို ဖုံးအုပ်ထားပါ။ ဒါဆို သင့်ဖုန်းရဲ့ ဘက်ထရီကို ကြာကြာခံစေမှာဖြစ်ပါတယ်။
Credit to ==> Myanmar Mobile App

www.pyaephyo.com
0 comments:
Post a Comment