♪ “အွန်လိုင်းမှာထူးထူးခြားခြား” ♫


အွန်လိုင်းတက်ပြီး Webpage ကို တစ်ခုဝင်တစ်ခုထွက် Surfing လုပ်။ Facebook ထဲဝင်ပြီး post ရေး၊ အမြဲပုံသေဆိုရင် ဘယ်လာပြီး ပျော်စရာ ကောင်းမှာလဲ။ ဒီထက်ပိုပြီး ထူးထူးခြားခြားလေးတွေ အွန်လိုင်းမှာ လုပ်နိုင်ပါ တယ်။ ဘာတွေလုပ်နိုင်သလဲ တစ်ချက်ကြည့်ရအောင်။

<အွန်လိုင်း account တွေကို တခြားလူတွေနဲ့ share နိုင်တယ်>

သာမန်အွန်လိုင်း account တွေကို ကိုယ့်ခင်ရာမင်ရာတွေနဲ့ share နိုင်တာ ဟာ ထူးထူးခြားခြား မရှိလှပေမယ့် ပိုက်ဆံ ပေးပြီး Office 365 သုံးတာမျိုး ဆိုရင် လူတစ်ယောက်စာ ပိုက်ဆံသွင်းပြီး ယုံကြည်ရတဲ့ လူနှစ်ယောက် သုံးယောက်မျှဝေ သုံးနိုင် ပါတယ်။ Amazon prime အတွက် ပိုက်ဆံသွင်းထား ရင် ကျန်တဲ့မိသားစုဝင်တစ်ယောက်ယောက်က အဲဒီ account နဲ့ သီချင်း နားထောင်ပါတယ်။ ဈေးကြီးကြီးပေးထားရတဲ့ Photoshop CC ဆိုရင် account share နိုင်တာဟာ ဘယ်လောက် အကျိုးထူး သလဲ မမေးနဲ့တော့။
ဒီလိုကိစ္စအတွက် သုံးရမှာက chrome browser ဖြစ်ပြီး လိုအပ်တဲ့ extension က Access URL ဖြစ်ပါတယ်။ Extension ကို www. bit.ly/access407 ကနေ download ချပြီး သုံးနိုင်ပါတယ်။ အဲဒီ extension သုံးထားရင် ကိုယ့်ရဲ့ user name နဲ့ password ဖွင့်ပြောစရာမလိုဘဲ account ကို တခြားလူနဲ့ share နိုင်ပါတယ်။ Account မျှဝေတယ်ဆိုတာက တစ်ဖက် လူ စိတ်ဖောက်ရင် ခက်မယ်မဟုတ်လား။ ဒီ extension သုံးရင် တစ်ဖက်လူက ကိုယ့် account ယာယီဝင်သုံးစေမယ့် တစ်မျိုး တည်းသော Link ကို ထုတ်ပေးပါတယ်။
Toolbar ပေါ်မှာရှိတဲ့ အဲဒီ extension button ကို ကလစ်နှိပ်ပြီး site တစ်ခု ထဲကို signin အရင်ဝင်ပါ။ ပြီးရင် အဲဒီ site မှာ သုံးမယ့်အချိန်ကို သတ်မှတ်ပါ။ ဥပမာ-နှစ်ဆယ့်လေးနာရီကြာပြီးရင် expire ဖြစ်မယ် ဆိုတာ မျိုးပေါ့။
တစ်ပတ်ထားချင်လည်း ရတယ်။ ဘယ်တော့မှ expire မဖြစ်ဘူးဆိုတာမျိုး လည်း ရပါတယ်။ ပြီးရင် create access URL မှာ ကလစ်နှိပ်ပါ။ ပြီးရင် အဲဒီ Link ကိုကော်ပီကူးပြီး private message ထဲထည့်ပါ။ ပြီးရင် ကိုယ့် account သုံးမယ့်လူဆီပို့ပါ။ တစ်ဖက်လူအနေနဲ့ ကိုယ်ရွေး ထားတဲ့ site ဆီကို Get Access to နေရာမှာ ကလစ်နှိပ်ပြီး ကိုယ့် account က နေ၀င်သွားနိုင် ပါတယ်။ ကိုယ်စိတ်ပြောင်းသွား ရင် အဲဒီ site ထဲကနေ Logout လုပ်လိုက်ပါ။ တစ်ဖက်လူလည်း Logout လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

<ဖုန်းပေါ်ကနေ Chrome extension တင်ပေးမယ်>

မိုဘိုင်းဖုန်းပေါ်က သုံးတဲ့ Chrome နဲ့ Desktop ပေါ်ကသုံးတဲ့ Chrome ဟာ ပုံစံဆင်ပေမယ့် အလုပ်လုပ်ပုံ တစ်ထပ် တည်း မတူပါဘူး။ မိုဘိုင်းဖုန်းပေါ်က chrome app ဟာ extension တွေ ထပ်ဆောင်း ထည့်ခွင့်မပေးပါဘူး။ ဒါပေမယ့် ဖုန်းတွေ၊ တက်ဘလက်တွေပေါ်မှာ Chrome browser သုံးနေတုန်း တခြား desktop တစ်ခုပေါ်ကို extension တင်ပေးနိုင်တယ်။ အဲဒီ browser ရဲ့ Desktop version ကနေ extension ကို တိုက်ရိုက် install လုပ်ပေးနိုင်ပါ တယ်။Chrome web store ဆီသွားတဲ့ link နေရာမှာ တစ်ချက်ခေါက်ပါ။ ပြီးရင် Add to Desktop ကိုရွေးပါ။ Mobile device ပေါ်မှာသုံးတဲ့ Google account ကို သုံးပြီးသွားရမှာဖြစ်ပါတယ်။ ကိုယ် Sign in လုပ်တဲ့ ဘယ် Desktop Chrome version အတွက်မဆို extension ကို လှမ်းပြီး install လုပ်ပေးနိုင်ပါတယ်။

<Ghostery သုံးပြီး အွန်လိုင်းမှာ block လုပ်မယ်>

Browser အတော်များများမှာ သုံးစွဲသူရဲ့ privacy ကို ကာကွယ်ဖို့ add-on တွေ ရှိတတ်ပါတယ်။ အဲဒီ add-on တွေက အွန်လိုင်းပေါ်က tracker တွေကို လုံးဝပိတ်ရင်လည်း ပိတ်နိုင်တယ်။ မပိတ်ရင်လည်း မပိတ်နိုင်ဘူး။ ပြောရရင် တော့ သူတို့ကို ပုံပြီး အားကိုးလို့ မရဘူးပေါ့။ ဒါပေမယ့် စိတ်ချလက်ချ အားကိုး ချင်ရင် Ghostery 7th version ရှိပါတယ်။ www.ghostery.com ကနေ download ချပြီး သုံးနိုင်ပါတယ်။ သူက အွန်လိုင်းမှာ block လုပ်ချင်တဲ့ဟာ တွေကို ပိုပြီးထိန်းချုပ်ပေးနိုင်ပါတယ်။ကိုယ့်ကို နောက်ယောင်ခံ လိုက်မယ့် trackers တွေကို Ghostery က အတန်းအစား ရှစ်မျိုးခွဲပါတယ်။ အဲဒါထဲမှာ Advertising ၊ Site Analytics ၊ Social Media Audio / Video player နဲ့ Comments တွေ ပါပါတယ်။ အတန်းအစားအားလုံး ကို block all နဲ့ ပိတ်နိုင် သလို အတန်းအစားတချို့ကို သီးခြားရွေးပြီးလည်း ပိတ်နိုင်ပါတယ်။ Ghostery 7 ရဲ့ Tracker alerts က ကိုယ့်နောက်ကို tracker နောက်ယောင် ခံတဲ့အခါ tracker ကို ကိုယ်က block လုပ်လိုက်တဲ့အခါမှာ လာပြီးသတိပေး ပါတယ်။ လောလောဆယ်မှာ Ghostery 7 ကို Chrome အတွက်သာမကဘဲ Firefox အတွက်လည်း ရနိုင်ပါတယ်။ မကြာမီမှာ Edge အတွက်လည်း ရနိုင် ပါလိမ့်မယ်။

<Video chat လုပ်ပြီး screen ကို share မယ်>

ဒါကတော့ နောက်ဆုံးထွက် Firefox (Version 49) မှ ရနိုင်မယ့်အရာဖြစ်ပါ တယ်။ Firefox မှာ Hello ကို ဖြုတ်လိုက် ပါပြီ။ Hello ဟာ တခြားအပိုဆောင်း Software သုံးစရာမလိုဘဲ Firefox နဲ့ video chat လုပ်နိုင်အောင် ကူညီတဲ့ built-in extension ဖြစ်ပါတယ်။ Mozilla ဟာ ဘာကြောင့် Hello ကို ဖြုတ်လိုက် မှန်းမသိပေမယ့် အဲဒီ extension ကိုတော့ လူအတော် များများက ကြိုက်ပါ တယ်။ အခုအချိန်မှာ Firefox နဲ့ Video chat လုပ်ချင်ရင် အခမဲ့ အွန်လိုင်း tool ဖြစ်တဲ့ Talky ကို သုံးနိုင် ပါတယ်။ www.talky.com ကနေ download ချပြီး သုံးနိုင်ပါတယ်။

Hello နဲ့ နည်းပညာတူတာကို သုံးထားတာမို့ Talky နဲ့ ချက်ချင်းပြော private chat room တစ်ခုဖွင့်နိုင်ပါတယ်။ ကိုယ့်ရဲ့ webcam ကိုသုံးပြီး video chat လုပ်နိုင်ပါတယ်။ လူဆယ့်ငါးယောက်တစ်ပြိုင်တည်း chat နိုင်ပါတယ်။ Talky သုံးတဲ့ အတွက် installation တွေ registration တွေလုပ်ဖို့ မလိုပါဘူး။ Hello မှာလိုပဲ Talky မှာလည်း Screen content တွေကို တခြားလူတွေနဲ့ Share လုပ်နိုင်ပါတယ်။

Talky ကို စပြီးသုံးဖို့အတွက် ကိုယ့် Chatroom နာမည်ကို ပထမဆုံး ထည့်ပေး ရပါမယ်။ Camera access ကို ခွင့်ပြုပေး ရပါမယ်။ Chat room ထဲ ၀င်ပြော မယ့် လူတွေကို invite လုပ်ရပါမယ်။ Talky ကို Firefox add-on အနေနဲ့လည်း သုံးနိုင်ပါ တယ်။ www.bit.ly/talky 407 ကနေ download ချပြီး သုံးနိုင်ပါ တယ်။ Video call တွေ ခေါ်တဲ့အခါမှာ ပိုပြီးမြန်ဆန်တာ တွေ့ရပါမယ်။

<You Tube ဗီဒီယိုတွေကို ပိုပြီးမြန်မြန်ပြမယ်>

ဗီဒီယိုပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြည့်ဖို့အချိန်မရတဲ့အခါမှာ high speed နဲ့ အမြန်ရစ်ပြီး ကြည့်ကြရပါ တယ်။ YouTube ဗီဒီယိုတွေက အွန်လိုင်း ဗီဒီယိုတွေဆိုပေမယ့် သူတို့ကိုလည်း high speed နဲ့ အမြန်ကြည့် လို့ရပါတယ်။ အဲဒီကိစ္စအတွက် HTML 5 You Tube Video Speed controller ကို သုံးနိုင်ပါတယ်။ www.bit.ly/speed407 မှာ download ချနိုင်ပါတယ်။
အဲဒီ Controller ကို သုံးရင် YouTube ဗီဒီယိုကို Speed ခြောက်မျိုးနဲ့ကြည့်နိုင် ပါတယ်။ Add-on tool bar မှာရှိတဲ့ Controller button မှာ ကလစ်နှိပ်လိုက် ပါ။ ပြီးရင် Speed Setting တွေထဲက တစ်ခုကိုရွေးပါ။ Speed 0.5X ကနေ 3X အထိ ရွေးနိုင်ပါတယ်။ 3X ကို ရွေးမယ်ဆိုရင် အဲဒီဗီဒီယိုကို သုံးဆမြန်အောင် ပြပေးပါမယ်။ နောင်မှာ YouTube ဗီဒီယိုတွေကို အမြန်ကြည့်ချင်ရင် preview speed ကို save လုပ် ထားခဲ့ရပါမယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment