ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသက ခရပ်စ်နိုယာ့က်စ်ခ်မြို့မှာ
ဗုဒ္ဓဘားလို့ နာမည်ပေးထားတဲ့ အရက်ဆိုင်ကို နာမည်ပြောင်းဖို့နဲ့
ဒဏ်ငွေဆောင်ဖို့ မြို့တရားရုံးက အမိန့်ချလိုက်ပါတယ်။
ဇင်ဗုဒ္ဓဝါဒကို တည်ထောင်သူရဲ့ ပုံတွေနဲ့ ရုပ်တုတွေကို သုံးထားတဲ့အတွက် ယုံကြည်သက်ဝင်သူတွေက တိုင်ကြားခဲ့အပြီး ခုလို အရေးယူခဲ့တာပါ။
ဆိုင်ပိုင်ရှင်ကို အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ညီမျှတဲ့ ရူဘယ်ငွေ ၃ သောင်း ဒဏ်တပ်ခဲ့တာပါ။
ဘာသာရေးနဲ့ပတ်သက်တဲ့ ဆိုင်တွင်းအဆင်အပြင်တွေနဲ့ မျက်နှာစာတွေကို ဖယ်ရှားဖို့လည်း အမိန့်ထုတ်ခဲ့ပါတယ်။
ဘားဆိုင်ပိုင်ရှင်နဲ့ ခင်ပွန်းသည်တို့ကတော့ ရုရှားမြို့တော် မော်စကိုကနေ
မိုင် ၂၅၀၀ ဝေးတဲ့ ဒီလိုနေရာမှာ ဒီဆိုင်ဟာ ဘယ်သူ့ခံစားချက်ကို
စော်ကားနိုင်မယ်၊ ဒါမှမဟုတ် အစိုးရရှေ့နေတွေရဲ့ အာရုံစိုက်မှုကို ရမယ်လို့
မထင်ခဲ့ကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင် ထောင်သောင်းချီပြီး ရှိနေတာပါ။
အများစုက ကယ်မစ်ကီ၊ ဘူရယာတီယာနဲ့ တူဗှာ တိုင်းရင်းသားနယ်မြေတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။
ဒီမြို့ကတော့ ဗုဒ္ဓဘာသာမြို့ ဖြစ်ပြီး ဗုဒ္ဓရဲ့နာမည်ကို
အရက်ဆိုင်မှာသုံးတာဟာ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားတယ်လို့ ခံစားရကြောင်း
စိန့်ပီတာစဘက် မြို့ခံတဦးက တိုင်ကြားအပြီးမှာ အစိုးရ ရှေ့နေရုံးက
သွားရောက် စစ်ဆေးခဲ့တာပါ။
မြို့ခံတဦးကတော့ ဒီပန်းချီတွေနဲ့ ရုပ်တုတွေကို ထိုင်းနဲ့
အိန္ဒိယတို့ကနေ တခုကို ၂ ရူပီးလောက်နဲ့ ဝယ်လာခဲ့တယ်၊
ကိုးကွယ်ဖို့သုံးတာမဟုတ်ဘဲ အနုပညာနဲ့ ယဉ်ကျေးမှု သဘာဝအတွက် သုံးတာဖြစ်လို့
အမှတ်တရပစ္စည်းသာဖြစ်တယ်၊ စော်ကားတဲ့အချက်ကို မတွေ့မိဘူးလို့ ပြောပါတယ်။
ဆိုင်ရှင်တွေကလည်း သူတို့မှာ အပြစ်ရှိတယ်လို့ စဉ်းစားလို့ မရဘူး။
ဒါပေမယ့် တရားရုံး အမိန့်အတိုင်း ဆိုင်နာမည်ကို ပြောင်းဖို့
စီစဉ်ထားတယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံက မော်စကိုနဲ့ စိန့်ပီတာစဘက် မြို့ကြီးတွေ အပါအဝင်
မြို့အတော်များများမှာ ဗုဒ္ဓနာမည်နဲ့ အရက်ဆိုင် ဒါဇင်နဲ့ချီပြီး ရှိနေပါတယ်။
ဒါပေမယ့် အဲဒီဆိုင်တွေအပေါ် တရားရုံးနဲ့ အစိုးရရုံးက အရေးယူတဲ့ အစီရင်ခံစာတော့ ခုထိ မတွေ့ရသေးပါဘူး။
0 comments:
Post a Comment